" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထိုးစစ်ဆင်. Show all posts
Showing posts with label ထိုးစစ်ဆင်. Show all posts

Sunday, March 17, 2024

ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

DMG
6 Mar 2024 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင် - ပုဏ္ဏားကျွန်း လမ်းဆုံတွင်တွေ့ရသော အာရက္ခစစ်သည်တော်များ။


ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တို့ကို AA က တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က စစ်ကောင်စီစခန်းတွေကို AA ပိတ်ဆို့ထိုးစစ်ဆင်

BBC
16 မတ်လ ၂၀၂၄
မတ် ၁၂ ရက်က AA သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့ အောင်သပြေနယ်ခြားစောင့်စခန်း
 

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေထဲက စစ်ကောင်စီ လက်ကျန်စခန်းတွေကို ရက္ခိုင့်တပ်တော် AA ကဆက်ပြီး ထိုးစစ်ဆင်နေသလို ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ လုပ်ထားတယ်လို့ AA က မတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */