" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒေါ်စောမြရာဇာလင်း. Show all posts
Showing posts with label ဒေါ်စောမြရာဇာလင်း. Show all posts

Thursday, March 23, 2023

ALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်

VOM
မတ်၂၂-၂၀၂၃
SW(VOM) 


မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြား ရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။

ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့ လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက ပါတီနဲ့ တပ်မတော်အတွက် အလုပ်မလုပ်ဘူး။ ဒီလူတွေက အဝေးကနေ အမိန့်ပေးနေလို့လည်း မရပါဘူး။ အဲဒါ ကြောင့် လုပ်ဆောင်နိုင်စွမ်းရှိတဲ့၊ အရည်အချင်းရှိတဲ့ ပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ကျမတို့က ဖွဲ့ စည်းမှုကို လုပ်လိုက်ရတာဖြစ်တယ်ဆိုတာကို အရင်ဆုံးပြောချင်ပါတယ်။

ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့ စည်းမှု တရားမဝင်ဟု ALP ကြေညာ

DVB
21 March, 2023 


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌ အ ဖြစ် ခံယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံကြောင်း ALP ပါတီအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်

RFA
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.03.21

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆွေးနွေးပွဲတစ်ခု ကျင်းပစဉ်။ALP/Facebook
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။

ထုတ်ပြန်စာတွေဟာ ALP ပါတီရဲ့ letterhead ခေါင်းစီးတွေ အသုံးပြုထားတာဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ သူ့သဘောနဲ့သူ ပါတီကို ပြန်လည်ဖွဲ့စည်းတာလို့ ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်း လိုက်ကြောင်းစောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန် ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ

ELEVEN MEDIA
21 March 2023



ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရည်ရွယ်ချက်တူသူများနှင့် ခရီးဆက်နိုင်ရန် ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီက ထုတ်ပြန်ကြေညာ ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (ALP) လက်မှတ်ထိုးပြီးချိန်မှစ၍ ပါတီခေါင်းဆောင်ပိုင်းအချို့အကြား အမြင်မတူမှုများ သိသိ သာသာတိုးပွားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာ ခဲ့ပြီး မမျှော်လင့်ဘဲ ပါတီမှာ အသွင်နှစ်မျိုးဖြစ်လာခဲ့ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ

VOA
ဉာဏ်ဝင်းအောင်
၂၂ မတ်၊ ၂၀၂၃
ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ထားပါတယ်။ စောမြရာဇာလင်းဘက်ကတော့ ပါတီနဲ့လမ်းစဉ်နဲ့မကိုက်ညီတာကြောင့် သူကိုယ်တိုင်ပါတီအသစ်ဖွဲ့လိုက်ပြီလို့ပြော ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ALP က ဒေါ်စောမြရာဇာလင်းကို တာဝန်ကနေ ရပ်စဲမှုလက် မခံဟု ပြော

CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ကျင်းပသည့် လက်နက်ကိုင်အဖွဲ့များညီလာခံမှာ တွေ့ရစဉ် 
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တရားရေးဌာနအမည်ကို သုံးစွဲ၍ ပါတီတည်နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိုင်ငံဆွေးနွေးရေးကော်မတီ ခေါင်းဆောင် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရှိ တာဝန်များကနေ ရပ်စဲကြောင်း စာပို့ လာခြင်းသည် လုံးဝတရားမဝင်သည့်အတွက် လက်မခံကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ဗဟိုကော်မတီ၏ အဆိုပြုချက်အရ ဥက္ကဋ္ဌရာထူးကို လက်ခံ ခြင်းဟု ဒေါ်စောမြရာဇာလင်း ပြော

CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ဒေါ်စောမြရာဇာလင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းမှာ ဗဟိုကော်မတီ၏ အဆိုပြုချက်အရ လက်ခံခြင်းဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

သစ်လွင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး ၆ လအကြာကတည်းက ၎င်းကို ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းကာလမှာ တပ်မှူးများနှင့် တိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံးဝသက်ဆိုင်မှုမရှိ ကြောင်း ထုတ်ပြန်

ARAKAN NEWS
Myo Myart Zaw Hein
March 21, 2023

 
 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၌ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းသည် ပါတီ ဥက္ကဋ္ဌ အဖြစ်ခံယူကာ ဗဟိုကော်မတီ အသစ်များဖြင့် ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို လက် မခံကြောင်း၊ ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း၊ ပါတီနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း ALP ပါတီ၏ အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က ပြောသည်။

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ

ဧရာဝတီ
22 March 2023 

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။

ALP ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည် ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားပြီးအကြံ ပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော် မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

Monday, February 20, 2023

ALP ဒုစစ်ဦးစီးချုပ်နှင့်စစ်သည်၂ဦးကိုဒေါ်စောမြရာဇာလင်း အဖွဲ့က ဖမ်းဆီး

CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ဒေါ်စောမြရာဇာလင်းနဲ့အဖွဲ့ကို တွေ့ရစဉ် 
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူး ချုပ် ခိုင်မင်းစိုးနှင့် စစ်သည် ၂ ဦးသည် အလယ်ပိုင်းတိုင်းစစ်ဒေသအမှတ်(၁၀၁) တပ်ရင်းမှ ရဲဘော်များ အား လျှို့ ဝှက်စွာ ဖဲ့ထုတ်သွေးခွဲခြင်းနှင့် ကြံစည်စည်းရုံးခြင်းများ ပြုလုပ်သည်အတွက် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အမှတ်(၁၀၁)တပ်ရင်းက ဖမ်းဆီးထားကြောင်း သိရသည်။

Tuesday, October 10, 2017

ရခိုင်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်၏ ခင်ပွန်း ဘင်္ဂလားဒေ့ရှ်တွင်အဖမ်းခံရ

မဇျ္စိမ  

By စိုးသူအောင်၊ ဇေယျာမော်
21 October 2017
ဓါတ်ပုံ- ဒေါ်စောမြရာဇာလင်း FB
 
ရန်ကုန်၊ အောက်တိုဘာ ၂၁ ။ ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင် လွတ် မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်းဖြစ်သူ ဦး ဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ် ဒါကာလေဆိပ်တွင် ယမန်နေ့က အဖမ်းခံခဲ့ရကြောင်း သိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */