Dated :28 May 2020
Aye Maung Than
Face Book
Link:https://www.facebook.com/dpar.dpar.948/videos/2591539211106774/
Showing posts with label မြန်မာ့တပ်မတော်. Show all posts
Showing posts with label မြန်မာ့တပ်မတော်. Show all posts
Friday, May 29, 2020
Friday, June 28, 2019
ICRC ရိက္ခာယာဉ်တန်းကို အေအေတိုက်တာ မဟုတ် ဘူးလို့ ငြင်းဆို
B B C
ဘီဘီစီ မြန်မာပိုင်း
28 June 2019
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရိက္ခာတွေကို ရန်ကုန်ကနေ မောင်တောကိုပို့တဲ့ ယာဉ်တန်း ဇွန်လ ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရမှုဟာ အေအေ ရက္ခိုင့်တပ်မတော်က တိုက်ခိုက်တာမဟုတ်ဘူးလို့ အေအေ အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
ဘီဘီစီ မြန်မာပိုင်း
28 June 2019
Monday, June 17, 2019
AA လက်နက်ကိုင် သံသယနဲ့ဖမ်းခံရသူ ရခိုင်ဒေသခံ ၇၀ ၀န်းကျင်ရှိ
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေသလို လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက်လည်း တိုးလာနေပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက် ၇၀ ကျော်သွားပြီ လို့ ရခိုင် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။
Wednesday, May 29, 2019
AI ထုတ်ပြန်ချက် စွပ်စွဲချက်တွေသာဖြစ်တယ်လို့ မြန်မာ့တပ်မတော်နဲ့ AA တုံ့ပြန်
RFA
ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ဆင်ရေး ကာလတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မ
တာ် AA နှစ်ဖွဲ့စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အထောက် အထားမဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-05-29
နေပြည်တော်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၃ နှစ်မြောက်
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို
တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်
တာ် AA နှစ်ဖွဲ့စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အထောက် အထားမဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
Wednesday, March 13, 2019
တပ်မတော်ဘက်က ၁၁ ဦးကို AA ဖမ်းဆီးစစ်ဆေး
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-12လွတ်လပ်တဲ့ အာရှအသံ
ရက္ခိုင့်တပ်မတော်က ဖမ်းဆီးရမိထားတဲ့ အစိုးရတပ်မတော်ဘက်က သုံ့ပန်း ၁၁ ယောက်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA ကို ပြောပါတယ်။
Wednesday, February 6, 2019
သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရေးယူပေးဖို့ မိဘတွေတောင်းဆို
လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ်
သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊
ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျည်ထိမှန်ပြီး သေ
ဆုံး ခဲ့ ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်လို့ တပ်မတော်က တာဝန်ရှိသူကို အရေးယူ
ပေး ဖို့ သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေကို RFA က မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီလို ပြောဆိုလိုက် တာပါ။
Monday, January 28, 2019
ရသေ့တောင်မြို့နယ်က တိုက်ပွဲအခြေအနေ
■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
Friday, January 25, 2019
မြန်မာနယ်ခြားစောင့်ရဲယူနီဖောင်းဝတ်တဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီး
25.01.2019
A handout photo of detained Myanmar army man Aung Bou Thin
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝတ်စုံနဲ့ အမျိုးသားတဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban မြို့နယ် (မြန်မာ အခေါ် ရွာတော်မြို့နယ်) ထဲက Lemochhari လဲမိုချဟာရီ အရပ်မှာ ကြာသပတေးနေ့ မနက်ပိုင်းက ဘာလု ခါလီ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
A handout photo of detained Myanmar army man Aung Bou Thin
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝတ်စုံနဲ့ အမျိုးသားတဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban မြို့နယ် (မြန်မာ အခေါ် ရွာတော်မြို့နယ်) ထဲက Lemochhari လဲမိုချဟာရီ အရပ်မှာ ကြာသပတေးနေ့ မနက်ပိုင်းက ဘာလု ခါလီ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
Friday, April 24, 2015
အောင်လံချောင်းကျေးရွာ အနီး တပ်မတော်စစ် ကြောင်းနှင့် ရခိုင်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွား၊ ရခိုင် သောင်းကျန်းသူ သုံးဦးအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ
နေပြည်တော် ၊ ၂၄-၄-၂ဝ၁၅
တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်း ကျန်း သူ များ အား ထက်ကြပ် လိုက် လံ
ရှင်း လင်း လျက် ရှိရာ ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင်
အောင်လံချောင်း ကျေးရွာ အနောက် မြောက် ဘက် မီတာ ၅ဝဝ ခန့် အကွာ ၌ ရခိုင်
သောင်းကျန်းသူ အင် အား အ ချို့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ် ပွားပြီး
သောင်းကျန်းသူ များ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
ဖြစ် စဉ် တွင် ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ မောင်ကျော်သိန်း ၂၅ နှစ်
(ဘ) ဦးထွန်းစိန်အား အမ် (၂၂) တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၅ဝ တောင့်၊
လက်ပစ်ဗုံး နှစ်လုံး၊ အီကွေးမန့် တစ်စုံ တို့နှင့်အတူ ဖမ်းဆီးရမိပြီး
ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းရာ အမ်(၂၂) တစ်လက်၊ ကျည်အိမ် တစ်ခု နှင့်
ကျည် ၅ဝ တောင့်အား သိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ် ပလက်ဝဒေသ အတွင်း တပ်မတော် စစ်ကြောင်း များက ရခိုင်
သောင်းကျန်းသူများ ခိုအောင်း လှုပ်ရှားလျက် ရှိသည့် နေရာများအား ဆက်လက်
နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁ဝဝ)
#Themyawadydaily
Thursday, April 23, 2015
တပ်မတော်စစ်ကြောင်း နှင့် ရခိုင်သောင်း ကျန်းသူ များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရခိုင်သောင်းကျန်း သူ နှစ်ဦး ထပ်မံဖမ်းဆီးရမိ
နေပြည်တော် ၊ ၂၃-၄-၂၀၁၅
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက် ပြုနေသည့် ရခိုင် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများ က ထက်ကြပ် လိုက်လံ ရှင်းလင်းလျက် ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့် တွင် ပိန္နဲချောင်းရွာ အနောက် မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး သောင်းကျန်းသူ များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင် ရခိုင် သောင်းကျန်းသူ တပ်သားအဆင့် ရှိ ကျော်နိုင် ၃၅ နှစ်နှင့် မောင်ဘအေး ၂၆ နှစ်တို့အား အမ် (၂၂) နှစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၅ဝ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ အီကွေးမန့် နှစ်စုံ၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံး၊ Sony ကင်မရာ တစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။
ထို့အတူ တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်းကျန်းသူ များ ခိုအောင်း နိုင်သော နေရာများအား ရှင်းလင်း ဆောင်ရွက်ရာ ညနေပိုင်းတွင် ပိန္နဲချောင်းရွာ ၏ အနောက် မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူများ ခိုအောင်း နေထိုင်ခဲ့သည့် တဲ ၁၆ လုံးကို တွေ့ရှိရပြီး ၄င်းတဲများမှ TNT ယမ်း ၆ဝ ထုပ်၊ Laptop Computer တစ်လုံး၊ လေးလုံးပါ ဓာတ်ခဲအသေး ၃၆ဝ ကတ်၊ အိုင်ကွန် အားသွင်းစက် လေးလုံး၊ တရုတ် စစ်ကျောပိုးအိတ် ၃၄ လုံး၊ တရုတ် ဘေးလွယ်အိတ် ၃ဝ လုံး၊ ချိတ်ခါးပတ် ၃ဝဝ ချောင်း၊ စစ်ခြေအိတ် ၂ဝဝ စုံ၊ ချွေးသုတ်ပဝါ ၁၂ဝ ထည်၊ ဟန်းကော ခြောက်လုံး၊ မြေကျင်းတူး မြှုပ်ထားသည့် ဆန်ခြောက်အိတ်၊ စားအုန်းဆီ ငါးပိဿာ၊ ဆား ၁ဝ ပိဿာ၊ ငါးနီတူခြောက် ငါးပိဿာနှင့် စာရွက်စာတမ်း များကို လည်းကောင်း၊ ပိန္နဲချောင်းရွာ ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးရှို့ ဖျက်ဆီးထားသည့် ရိက္ခာဂိုဒေါင် တဲတစ်လုံးအား တွေ့ရှိရပြီး အနီး ပတ်ဝန်းကျင်မှ အီကွေးမန့် ၁ဝ၇ စုံ၊ လည်တို ဖိနပ် ၇ဝ ရန်၊ မိုးကာစ တစ်လိပ်၊ ဆန် ၁ဝ၅ အိတ်၊ ဆား တစ်အိတ် နှင့် ငါးပိ လေးအိတ် တို့ကို လည်းကောင်း ရှာဖွေ သိမ်းဆည်းရမိ ခဲ့သည်။
တပ်မတော် အနေဖြင့် ဖမ်းဆီး ရမိသော ရခိုင် သောင်းကျန်းသူ များထံမှ သတင်းဆက် ဖော်ထုတ်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် ရခိုင် သောင်းကျန်းသူ များအား ဒေသခံပြည်သူ များနှင့် ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)
#Themyawadydaily
Subscribe to:
Posts (Atom)