ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်မယ့် အစီအစဉ်တစ်ရပ်ကို လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ ၁၈ ရက်မှာ အပြင်းအထန် ဝေဖန်ခဲ့ပြီး အဲဒီအစီအစဉ်ဟာ ရိုဟင် ဂျာ တွေရဲ့ အသက်နဲ့လွတ်လပ်မှုအတွက် ကြီးမားတဲ့အန္တရာယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂက လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ဆိုထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် စစ် တပ်ရဲ့ အ ကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံ ထားရ ပါ တယ်။