Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Wednesday, September 3, 2025

မြန်မာလက်ရှိအခြေအနေဟာ ၂၀၁၇ ရိုဟင်ဂျာတွေတုန်းကလို ဖြစ်နေဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော

DVB
September 3, 2025

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ စက်တင်ဘာ ၂ ရက်က ဖော်ပြပါတယ်။

Monday, August 25, 2025

မြန်မာက ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေက လက်ခံပေးဖို့ အမေရိကန်ပြော

BBC
2025 ဩဂုတ်လ 25 

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ပုံဟောင်း)

ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပစ်မှတ်ထားခံရသူတွေနဲ့ အတူရပ်တည် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

Tuesday, March 18, 2025

မြန်မာကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ထောက်ပံ့ကူညီရေး ကုလဆွေးနွေး

RFA
RFA Burmese
2025.03.17 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းရှိ သင်ကြားရေးစင်တာတစ်ခုတွင် ရိုဟင်ဂျာလူငယ်များနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် တွေ့ဆုံစဥ်။ UN Photo/Shari Nijman

မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အလားအလာ အတွက် ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ကြောင်း RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ BenarNews က ဖော်ပြပါတယ်။

နိုင်ငံအနှံ့မှ ခက်ခဲနေသည့် ဒုက္ခသည်တစ်သန်း ရိက္ခာ ဖြတ်တောက်ခံရမည်

MYANMAR NOW
ကိုချို
March 17, 2025
 


နိုင်ငံတကာကူညီမှု လျော့ပါးသွားချိန်တွင် ကုလသမဂ္ဂ ရန်ပုံငွေ မလုံလောက်သဖြင့် မြန်မာပြည်မှ အကူအညီလိုအပ်နေသူ အများအပြား အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသည်။


မြန်မာနိုင်ငံမှ လူဦးရေတစ်သန်းအတွက် ရိက္ခာ အထောက်အပံ့များကို ရန်ပုံငွေ မလုံလောက်မှုကြောင့် ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာထားရာ ခက်ခက်ခဲခဲ ရပ်တည်နေရသည့် ၎င်းတို့၏ အခြေအနေများ ပိုမိုဆိုးရွားတော့မည်ဟု ဒုက္ခသည်များက ပြော သည်။

Tuesday, March 4, 2025

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးရန် အီးယူက အာမခံထား

မဇျ္စိမ
March 4, 2025
 

ပုံညွှန်း – တန်းတူညီမျှရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ အီးယူကော်မရှင်နာ ဟက်ဂျာလာဘစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး အမ်ဒီတိုဟစ်တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-MoFA)BSS

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရန် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားများ ပေးမည်ဟု တန်းတူညီမျှရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ အီးယူကော်မရှင်နာ ဟက်ဂျာလာဘစ်က မတ်လ ၃ ရက်နေ့က အာမခံခဲ့သည်။

Saturday, March 1, 2025

မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်းပြော

RFA
2025.03.01 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။Permanent Mission of Myanmar to the United Nations Photo

Tuesday, January 7, 2025

မြန်မာနိုင်ငံတွင်းအရပ်သားတွေကို ကာကွယ်ပေးကြဖို့ ကန်နဲ့နိုင်ငံများတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၇ ဇန်နဝါရီ၊ ၂၀၂၅

စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ​လျှော့ချပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။ 

Saturday, January 4, 2025

“မောင်တောကျရှုံးပြီးနောက် ရခိုင်အခြေအနေက ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း သက်ရောက်မှု” ဆွေးနွေးပွဲ ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်

DMG
DMG ၊ ဇန်နဝါရီ ၄

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လေ့လာရေး ဘင်္ဂလားဒေ့ရှ် အင်စတီကျု (BIPSS) သည် “မောင်တောကျရှုံးပြီးနောက် ရခိုင်အခြေအနေက ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း သက်ရောက်မှု” ခေါင်းစဉ်ဖြင့် မူဝါဒရေးရာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဒါကာတွင် ကျင်းပခဲ့ကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Wednesday, January 1, 2025

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

ဧရာဝတီ
28 December 2024

မစ္စတာ ဒေါ်နယ် ထရမ့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခြင်းသည် ကမ္ဘာကို လူဝင်မှုကြီး ကြပ်ရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် ရာသီဥတုပြောင်းလဲမှုအရ သက်ရောက်မှုရှိမည် ဖြစ်သည်။ ထရမ့် ၂ (ထရမ့်၏ သမ္မတ ဒုတိယအကြိမ် ရွေးကောက်ခံရမှု) သည် ကမ္ဘာတဝန်း ပြင်းထန်သော ရိုက်ခတ်မှုဖြစ်စေမည်ဟု သုတေသီများက ပြောသည်။

Saturday, December 7, 2024

မြန်မာ့မြေပေါ် ကျူးကျော်လာမည့် လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ

Myanmar Now
သုတဇော်
December 7, 2024

အကြမ်းဖက်အုပ်စုဖြစ်လာသော စစ်ကောင်စီက တရုတ်ကို အားကိုးနေချိန်တွင် တရုတ်ကလည်း လက် နက်ကိုင်အဖွဲ့စေလွှတ်ရန် ပြင်ဆင်လာသဖြင့် အချုပ်အခြာအာဏာ စိန်ခေါ်ခံနေရပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ နယ်မြေ အများအပြား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက် တဖြည်းဖြည်း ရောက်ရှိလာပြီးနောက် တရုတ်အစိုးရက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော ၎င်းတို့၏ အကျိုး စီးပွားများကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသုံးပြီး တိုက်ရိုက်ကာကွယ်ရန် ခြေလှမ်းပြင်လာနေပြီ ဖြစ်သည်။

Tuesday, July 16, 2024

ICJ တရားရုံးတွင် မြန်မာကိုတရားစွဲထားသည့်အမှု မော်လဒိုက်ကြားဝင်ဆောင်ရွက်ခွင့်ရ

DVB
July 16, 2024

ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့အမှုအတွက် ကျွန်းနိုင်ငံငယ်လေးတခုဖြစ်တဲ့ မော်လဒိုက်နိုင်ငံကို ကြားဝင်ဆောင် ရွက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

Thursday, June 20, 2024

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၅ သန်း EU ထပ်တိုးကူညီ

RFA
RFA Burmese
2024.06.20 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံပြင်ပ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၁၅ သန်း ထပ်မံ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

Sunday, May 5, 2024

ICJ ရောက်မြန်မာအမှု အမြန်ဖြေရှင်းဖို့ ဂမ်ဘီယာနဲ့ ဘင်္ဂလားဒေ့ရှ် မျှော်လင့်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၅ မေ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေနိုင်ဖို့ အပါအဝင် ရှေ့ခြေလှမ်းတွေနဲ့ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Friday, March 1, 2024

အိန္ဒိယကို တရားမဝင် ဝင်ရောက်သည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ

DVB
March 1, 2024
 

အိန္ဒိယနိုင်ငံဘက်ကို တရားမဝင် ခိုးဝင်လာခဲ့တဲ့ မြန်မာ ၈ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယတိုင်းမ်သတင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်စွဲနဲ့ ဖော်ပြပါတယ်။

အဆိုပါ ခိုးဝင်မြန်မာ ၈ ယောက်ဟာ အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အရွယ်တွေဖြစ်ကာ သူတို့ကို မဟာရာရှတရာပြည်နယ်၊ မီရာဘာရန်ဒါမြို့၊ ဥတန်ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Monday, February 26, 2024

ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်အောင် မြန်မာကလုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ် (RAB) ညွှန်ကြားရေးမှူးချုပ်ပြောကြား

Narinjara
ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄ 


မြန်မာစစ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်လာအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ ( Rapid Action Battalion ) အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ခါရှစ်ဟူစိန်က ပြီးခဲ့သည့် စနေနေ့က ပြောကြားလိုက်သည်။

Monday, February 5, 2024

မြန်မာနိုင်ငံက မော်တာကျည်ဆန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျပြီး နှစ်ဦးသေဆုံး

RFA
RFA Burmese
2024.02.05 

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မြန်မာနိုင်ငံဘက်မှ မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့သည့် ရိုဟင်ဂျာတစ်ဦး။ Photo: AFP

[Update: 1:30 AM, Feb 06 2024]

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့ပါတယ်။

Friday, February 2, 2024

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၀ ကျော် ထွက်ပြေး

VOA
၀၂ ဖေဖော်ဝါရီ၊ ၂၀၂၄ 

မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။ 

Link : Here

Thursday, February 1, 2024

အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် ကမ္ဘာ့နိုင်ငံများ တောင်းဆို

DVB
February 1, 2024 

အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို  အီးယူနဲ့  ကမ္ဘာ့အင်အားကြီး နိုင်ငံ ၈ နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  ပူးတွဲတောင်းဆို တိုက်တွန်းလိုက်ပါတယ်။ 

Monday, January 29, 2024

ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဇန်နဝါရီ၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen (ဝဲ) နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmu (ယာ) တို့တွေ့ဆုံနေကြစဉ်

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

Friday, January 26, 2024

မြန်မာအပါ အရှေ့တောင်အာရှမှာ နည်းပညာသုံး ဘာသာရေးဖိနှိပ်မှုတွေရှိနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ ဇန်နဝါရီ၊ ၂၀၂၄ 

မြန်မာစစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသည့် ဘုန်းကြီးကျောင်း (photo: KNU)
 
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နောက်ဆုံးခေတ်မီနည်းပညာတွေအသုံးပြုပြီး ဘာသာရေး ဖိနှိပ်မှုတွေ ပိုတိုးလုပ်လာတယ်လို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */