Unicode
“ချေ”ဟာ ပြယုဂ်တခုလား? အာနစ်(စ်)တို ဂွေဗားရားရဲ့ ဘဝနဲ့ အတွေးအခေါ်များ
အာနစ်(စ်)တို
(ချေ)ဂွေဗားရားကို ဘိုလစ်ဗီးယား စစ်သားတွေက ၁၉၆၇ ခုနှစ်၊ အောက်တိုဘာ
၉ရက်နေ့၊ La Higuera မြို့အနီးမှာ သတ် ဖြတ်ပစ်ခဲ့တယ်။ ဒီစစ်ဆင်ရေးကို
စီအိုင်အေနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေက ကြိုး ကိုင်စီမံခဲ့တယ်။
ချေကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့မှာ ဂုဏ်ရောင်ထွန်းပြောင်တဲ့
တော်လှန်ရေးသမား အာဇာ နည်ကြီးအကြောင်း ဆန်းစစ်သုံးသပ်ချက် စာတမ်းတစောင်
ကျနော်တို့ ပြုစုထားဖို့ ကောင်းတယ်။ ချေ ကွယ်လွန် ခြင်း နှစ်(၄၀)ပြည့်
အခါသမယမှာ ကနဦး ရေးသားခဲ့တဲ့ ဒီဆောင်းပါးထဲမှာ အယ်လန်ဝု(ဒ်)က ချေ့ငယ်ဘဝက နေ
အသတ်ခံခဲ့ရတဲ့ နောက်ဆုံးနေ့အထိ ချေဂွေဗားရား ဆင့်ကဲပြောင်းလဲလာပုံကို
လေ့လာထားတယ်။