" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်စခန်းများ. Show all posts
Showing posts with label ဒုက္ခသည်စခန်းများ. Show all posts

Wednesday, May 10, 2023

ရာဇဝတ်မှု များပြားလာသည့် ကော့ဘဇားက မွတ်စလင် ဒုက္ခသည်စခန်းများ

ဧရာဝတီ
10 May 2023  

မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကော့ဘဇား ဒုက္ခသည်စခန်း / RY Mg Mg Sa
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း၌ ရှိသော မွတ်စလင်ဒုက္ခသည်စခန်းများတွင် မူယစ်ဆေးဝါးရောင်း ဝယ် ဖောက်ကားမှုများအပါအဝင် လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ယင်းစခန်း အတွင်း နေထိုင်သူများက ထုတ်ဖော်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၃၀ ရက် နံနက်၂ နာရီအချိန်က စခန်းအုပ် ချုပ် ရေးအဖွဲ့ဝင်တဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် အာဘူတဟိရ်မှာ အိပ်နေစဉ် မျက်နှာဖုံးစွပ် လူ ၅ ဦး လာ ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် ရင်ဘတ်၌ ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဧပြီလ ၇ ရက်က သေဆုံးသွားခဲ့ကြောင်း စခန်းအတွင်းနေထိုင်သူတဦးက ပြောသည်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */