VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၆ နိုဝင်ဘာ၊ ၂၀၂၄
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ရိုဟင်ဂျာ ဒုက္ခသည် စခန်းဟာ ရိုဟင်ဂျာစစ်သားတွေကို မွေးထုတ်ပေးရာ နေရာဖြစ်နေတယ်လို့ ရိုက်တာ သတင်း ဌာနက နိုဝင်ဘာ ၂၅ ရက်နေ့ က ရေးပါတယ်။ အရက္ခတပ်တော် AA ကို တိုက်နေကြတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းတွေကနေ တိုက်ခိုက်ရေး စစ်သည် ၃၀၀၀ ကနေ ၅၀၀၀ အထိ စုဆောင်းပြီးသွားပြီလို့လည်း ရိုက်တာက ဆိုပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်းတွေက လုံခြုံရေးဆိုင်ရာ အဖွဲ့တွင်းအစီရင်ခံစာနှစ်စောင်ကို ရိုက်တာကရယူ သုံးသပ်ခဲ့သလို၊ လူ ၁၈ ဦးကိုလည်း ရိုက်တာက အင်တာဗျူးမေးမြန်းခဲ့ပြီး အခုလို ရေး သားဖော်ထုတ်ခဲ့တာပါ။