VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 မေ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
12 မေ၊ 2020
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်တချို့
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကနေ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမျိုးသား ၅ ဦးကို စစ် ရေယာဉ်နဲ့ စစ်တွေကို သွားပို့တဲ့အချိန်အတွင်း ဥပဒေနဲ့ မလျော်ညီတဲ့နည်းနဲ့ စစ်ဆေးမေးမြန်းခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရအရေးယူဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။