" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဦးကျော်စိုးအောင်. Show all posts
Showing posts with label ဦးကျော်စိုးအောင်. Show all posts

Tuesday, August 11, 2020

ရခိုင်မြောက်ပိုင်းမဲဆန္ဒရှင်စာရင်း ရိုဟင်ဂျာအတော်များများ မပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
11 သြဂုတ်၊ 2020
သက်နိုင်
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတခုမှာ ရွေးကောက်ပွဲတာဝန်ရှိသူများ မဲရုံမဖွင့်မီ ပြင်ဆင်နေကြတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ စာရင်းမှာ ရိုဟင်ဂျာတွေ တော်တော် များ များ ပါမလာတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

Thursday, July 2, 2020

ရိုဟင်ဂျာ မွတ်စလင်တွေ ဆန္ဒမဲပေးခွင့်ရဖို့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
01.07.2020
■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးခွင့်ပေးဖို့နဲ့ ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီမိုကရေစီနဲ့ လူ့ အခွင့်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေဟာ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ပါဝင် ဆန္ဒမဲပေးခွင့် ရရှိခဲ့ပြီး ရွေးကောက်ပွဲသမိုင်းမှာ အဆင်အလာကောင်းတွေ ရှိတာကြောင့် ၂၀၂၀ မှာလည်း မဲပေးခွင့်ပေးဖို့ တောင်းဆိုတာလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတချို့ပြောင်း လဲမှု အပေါ် ဝေဖန်မှုတွေရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2020
မေခ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတချို့ကို အပြောင်းအ လဲ လုပ်ထားတဲ့အတွက် အချေအတင် ပြောစရာ ဖြစ်လာနေတဲ့အကြောင်း မမေခ တင်ပြပေးမှာပါ။

နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာမှာ အပြောင်းအလဲတွေ ရှိခဲ့တဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာ တာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မဲဆန္ဒနယ်မြေတချို့ အပြောင်းအလဲ ရှိခဲ့တဲ့အတွက် သက် ဆိုင်ရာနယ်မြေအတွက် ကိုယ်စားပြုမှုတွေကို ထိခိုက်မှာ စိုးရိမ်နေကြတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */