" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မေးမြန်းခန်း. Show all posts
Showing posts with label မေးမြန်းခန်း. Show all posts

Thursday, June 3, 2021

NUG ရဲ့ ထုတ်ပြန်ချက် ရိုဟင်ဂျာအဖွဲ့ကြိုဆို

 B B C

ဘီဘီစီမြန်မာပိုင်း
03 ဇွန်လ2021

 

 အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒ သဘောထားကို ထုတ်ပြန်လိုက်ပါတယ် ပြည်ထောင်စုတွေနေထိုင်ကြသူတွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိစေရမယ် ဆိုတာအပါ အ ဝင် လူမျိုးအလိုက်ခံစားခွင့် နိုင်ငံသားအခွင့်အရေးခံစားခွင့်စတာတွေပေါ်မှာ ဒီမူဝါဒကို အခြေခံထားတယ်လို့ အန်ယူဂျီက ပထမဆုံးအကြိမ်ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ မူဝါဒ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေပြင်ဆင်တာ၊ ဒါမှမဟုတ် အသစ်ပြန်လုပ်တာ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြီး တဲ့နောက်ပိုင်းမှာ လုပ်ဆောင်သွားမယ်လို့ ဆိုသလို ၂၀၁၇ ကိုဖီအာနန်အကြံပြုချက် ၈၈ ချက်ကလည်း ရိုဟင်ဂျာ အရေးဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ လည်း ဆိုပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရိုဟင်ဂျာပြည်သူတွေအပေါ် မူဝါဒနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ လူမျိုးစု အသိုင်း အဝိုင်းကကော ဘယ်လို သဘောထားကြပါလဲ။ မြန်မာရိုဟင်ဂျာ အသင်း (UK)ရဲ့ ဥက္ကဌ ဉီးထွန်းခင်ကို ကိုရင် မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

Link : Here

Saturday, May 29, 2021

လက်နက်ကိုင်တိုက်သူတွေ လူ့အခွင့်အရေးပေါ် ဘယ်လို သဘောထားသင့်လဲ (ဦးအောင်မျိုးမင်းနှင့် ဆက်သွယ် မေး မြန်းချက်)

VOA
ဗွီအိုအေမြန်မာပိုင်း
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
25 မေ၊ 2021 


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ထဲက လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ကြ တာမှာ စစ်ကိုမုန်းလို့ စစ်ကိုတိုက်ပါတယ်လို့ ပြောသည့်တိုင်အောင် လုပ်ရပ်တွေ မှားယွင်းသွားရင် လက်နက် ကိုင်တိုက်ပွဲကနေ အကြမ်းဖက်လုပ်ရပ်အဆင့် ရောက်သွားနိုင်တာမို့ သတိပြုထိန်းသိမ်းလုပ်ဆောင်ဖို့ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။

Wednesday, March 24, 2021

CRPH ကို ထိခိုက်အောင် စစ်ကောင်စီလုပ်နိုင်မည် မဟုတ် (ဦးထင်လင်းအောင်)

VOA
24 မတ်၊ 2021
အင်ကြင်းနိုင်

CRPH နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တဲ့ လုပ်ရပ်မှန်သမျှ သူတို့ကို ထိခိုက်မှုရှိမှာမဟုတ် ဘူးလို့ CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင် က ပြောပါတယ်။ 

 

 Link : Here

Wednesday, March 17, 2021

ဆန္ဒပြသူတွေကို နှိမ်နင်းပုံနဲ့ ရိုဟင်ဂျာတွေကို နှိမ်နင်းပုံ အတူတူပဲလို့ လေ့လာသူပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-03-17

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အား သုံးနှိမ် နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်း လင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေအများဆုံး မြို့နယ်ဖြစ်တဲ့ လှိုင်ယာယာမှာ လူဦးရေ ၇သိန်းကျော်ရှိပြီး၊ အများစုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဝင်ငွေနည်း အလုပ်သမားတွေ ဖြစ်ပါတယ်။

Tuesday, February 2, 2021

စစ်အာဏာသိမ်းမှု အခြေခံဥပဒေ ရှုထောင့် နှင့် နိုင်ငံတကာ ဝင်စွက်နိုင်ခြေ

VOA
ဗွီအိုအေ (မြန်မာဌာန)  
02 ဖေဖော်ဝါရီ၊ 2021

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုဟာ ၂၀၀၈ခုနှစ်မှာ စစ်ခေါင်းဆောင်တွေကိုယ် တိုင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပယ်ဖျက်လိုက်သလိုမျိုး ဖြစ်နေကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ဗွီအိုအေကိုပြောပါတယ်။

Link : Here

Thursday, December 10, 2020

မြန်မာနိုင်ငံမှာ အချိုးဖောက်ခံရဆုံး လူ့အခွင့်အရေးအချက် ငါးချက်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စောဖိုးခွား
2020-12-09

ဒီကနေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံ အဖြစ် ကမ္ဘာမှာ နာမည်ပျက်နဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပြည်တွင်းစစ် တိုက်ပွဲတွေအတွင်း တိုင်းရင်း သားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ တရား စီရင်ရေးမဏ္ဏိုင်ရဲ့ အားနည်းချက်တွေနဲ့ ကလေးသူငယ်တွေ အခွင့်အရေးဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံမှာ အဓိ ကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အချက်ငါးချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကပြောပါတယ်။

Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေကို သင်တန်းပို့ချပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။

Link : Here

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုလူထု ထောက် ခံမှုလျှော့ကျစေရန် ရိုဟင်ဂျာနှင့် မွတ်စလင်များကို ဓါးစာခံအဖြစ် အသုံးပြုအမုန်းစကား ဖြန့်ဝေတိုက်ခိုက်

ရန်ကုန်ခေတ်သစ်
ရက်စွဲ့၊ ၁၀ ဒီဇင်္ဘာလ ၂၀၂၀

Burma Human Rights Networkမှ ဦးကျော်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

Burma Human Rights Network က Digital Hate ဆိုသော အမည် ဖြင့် အစီရင်ခံစာတစ်စောင်ကို ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ် ဝေလိုက်ပြီး ယင်းအစီရင်ခံစာတွင် ရိုဟင်ဂျာများနှင့် မွတ်စလင်များကို ဓား စာခံအဖြစ် အသုံးပြု၍ အမုန်းစကား ဖြန့်ဝေမှု အခြေအနေများကို အသေးစိတ်တင်ပြထားသည်။ ရန်ကုန်ခေတ် သစ်သတင်းဌာနက Burma Human Rights Networkမှ ဦးကျော်ဝင်းကို ဆက်သွယ်မေး မြန်းထားပါသည်။

မေး။ ။ Burma Human Right Network (BHRN) က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ Report ကို ထုတ်ပြန် လိုက် တော့ အဓိက Report ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

Monday, October 26, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဖေ့စ်ဘုတ်နဲ့ ဂမ်ဘီယာရဲ့ လူမျိုးတုံးသတ်ဖြတ်မှု လျှောက်လဲချက် အပေါ် ဘီဘီစီ နဲ့ အွန်လိုင်း က ဆက်သွယ်မေးမြန်းမှု

B B C

ဘီဘီစီ မြန်မာပိုင်း
၂၅ အောက်တိုဘာ ၂၀၂၀


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီ ယယ်အဆိုလွှာကို အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်သွင်းခဲ့ပါတယ်။

ဂမ်ဘီယာဘက်က တင်သွင်းခဲ့တဲ့အဆိုလွှာအကြောင်း ရှေ့နေ ပေါလ်ရိုက်ကလာကို ဘီဘီစီ က အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ 

ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် ပေါလ်ရိုက်ကလာ

Sunday, September 27, 2020

"ကျွန်တော်မြင်တာက ဒါက လူမျိုးရေးမဲဆွယ်မှုမြောက် တယ်ဗျ"

TheVoiceWeekly Journal
By ရဲနိုင်ဦး
27 September 2020
 မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP-MYANMAR) ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

ရွေးကောက်ပွဲတွင် နိုင်ငံရေးဝါဒအစုံကိုင်စွဲကာ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ကြပြီဖြစ်သည်။ မဲဆွယ် ရေးကာလတွင် ၎င်းတို့ရပ်တည်သည့် ဝါဒအထိုင်ပေါ်မှ မဲဆွယ်ခြင်းများကိုလည်း တွေ့မြင်လာရသည်။ အ စဉ် အလာအရဖြစ်သော အမျိုးသားရေးကို ကိုင်စွဲကာ မဲဆွယ်မှုများရှိသကဲ့သို့ ဒီမိုကရက်တစ်စံနှုန်းများကို အခြေပြု မဲဆွယ်ခြင်းလည်းရှိနေပြန်သည်။ ဘာသာရေး၊ လူမျိုးရေးကို စည်းကို ပါးနပ်စွာဖြတ်ကျော်၍ မဲ ဆွယ် မှုများကိုလည်း တွေ့မြင်နေရသည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာသူများ၏ သဘော ထားအမြင်များကို The Voice Journal က မေးမြန်းတင်ဆက်ထားခြင်းဖြစ်သည်။

Saturday, August 15, 2020

ရွေးကောက်ပွဲဝင်ခွင့်မရတဲ့ ဦးအဓူရော်ရှိနဲ့ တွေ့ဆုံမေးမြန်း ချက်

 လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-15


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ဦးအဓူရော်ရှိကို မွေးဖွားစဉ်က မိဘတွေ နိုင်ငံသားမဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။

ဦးအဓူရော်ရှိကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

(ဗီဒီယို- ကျော်ဇင်သန်း/ သန့်ဇင်ဦး)

လင့်၊https://www.youtube.com/watch?v=H8OgGbRRZFw#action=share

Tuesday, May 26, 2020

ရိုဟင်ဂျာတွေရဲ့ အခြေအနေ မပြောင်းလဲသေးဘူးလို့ မြန်မာ ရိုဟင်ဂျာများအသင်း-ယူကေ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.26

■မြန်မာအစိုးရဟာ ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ် စီရင်ချက်အမိန့်အရ ပထမဆုံးအကြိမ် အစီရင်ခံ စာကို ပြီးခဲ့တဲ့ အပတ်က တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ မသိရသေးပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင် ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲမှုမရှိသေးဘူးလို့ အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများ အသင်း -ယူကေ က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးတာတွေ နှစ်ဆ တိုးပြီး ဆက်လက်လုပ်ဆောင်ကြဖို့ လိုတယ်လို့လည်း မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ကြေညာ ချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

လင့်၊https://www.facebook.com/rfaburmese/videos/3215753788649173

Friday, February 28, 2020

ရိုဟင်ဂျာအရေးနဲ့ နိုင်ငံတကာဖိအား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
Feb 28, 2020

ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို နိုင်ငံတကာအနေနဲ့ ဆက်လက်ပြီး ဖိအားပေးဖို့ မြန်မာ ရိုဟင်ဂျာအသင်း UK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဦးထွန်းခင်ကို RFA ဝိုင်းတော်သူ မဂျူလိုင်မျိုးက တွေ့ဆုံ မေးမြန်း ထားပါတယ်။

လင့်၊https://www.youtube.com/watch?v=kcgDLeev2Zc&feature=emb_title

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက်ကို အစိုးရနဲ့ တပ်မတော် လေးစားလိုက် နာမှု မရှိရင် ပြည်သူတွေ ထိခိုက် နိုင်ဟုဆို

MCN TV CHANNEL
24 January, 2020


❖ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရနဲ့ တပ်မတော် လေးစားလိုက်နာမှု မရှိရင် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုရှိလာနိုင်ပြီး အဲ့ဒီဖိအားတွေကြောင့် ပြည်သူတွေပေါ် ထိခိုက်မှု ရှိလာနိုင် တယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦး ဆောင် သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က ပြောကြားလိုက်ပါတယ်။

❖ ပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ် သက်ပြီးဆက်သွယ်မေးမြန်းရာမှာ သူက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ICJ ဆုံးဖြတ်ချက် ရှေ့နေဦးအောင်ထူးအမြင်

VOA
ဗွီအိုအေ (မြန်မာဌာန) 

23 ဇန်နဝါရီ၊ 2020
ကိုရန်နိုင်
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသတ်ဖြတ်မှုစွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတာနဲ့ ပတ် သက်ပြီး နိုင်ငံတကာတရားရုံး (ICJ) က ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်ကတောင်းဆိုချက် ၆ ချက်ထဲက ၄ ချက်ကို သဘောတူပြီး တရားသူကြီးတွေက တညီ တညွတ်တည်း ဆုံးဖြတ်ပြီး အမိန့်ချမှတ်ခဲ့ကြတာပါ။ ဒီအမှု နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံး တရား သူကြီးတွေက ဥပဒေကြောင်းအရ ဘယ်လိုဆင်ခြင်သုံးသပ်ပြီး အခုလို အမိန့်ချမှတ်လိုက်သလဲဆိုတာကို လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းစဉ် သူကအခုလို စဖြေပါတယ်။

Thursday, January 16, 2020

ICJ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လှစ်လျှူရှုခဲ့ရင် ကုလ လုံခြုံ ရေးကောက်စီကို ရောက်မယ်


MCN TV NEWS
16 January, 2020

❖ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လှစ်လျှူရှု ခဲ့ ရင် ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို ရောက်ဖို့သေချာသွားမယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က ပြေကြားလိုက်ပါတယ်။

❖ လုံခြုံရေးကောင်စီကို ရောက်ရင် ဘီတိုအာဏာရှိတဲ့ အကျိုးစီးပွားကို အခြေခံတဲ့ တရုတ်နဲ့ရုရှအနေနဲ့ OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်မလားဆိုတာ စောင့်ကြည့် ရ မယ် လို့လည်း သူက ပြောပါတယ်။

Wednesday, December 18, 2019

ICJ က ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်လို့ "ရိုဟင်ဂျာ" တွေ မျှော်လင့်ထားလဲ

MCN TV NEWS CHANNEL
17 ဒီဇဘာ 2019


အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်လို့ "ရိုဟင်ဂျာ" တွေ မျှော် လင့် ထားလဲဆိုတာ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်း အ ဖွဲ့က ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

● MCN သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်ကနေ ကိုနေဆန်းလွင်ကို တိုက်ရိုက်ဆက်သွယ် မေးမြန်း တင်ဆက်ပေးထားပါတယ်။

လင့်၊https://www.youtube.com/watch?v=usiLeAUHxDg

Monday, December 9, 2019

ICJ တရားခွင်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံရေးအရ ဆောင် ရွက် မှုမျိုး မကြိုးစားသင့်ဟုဆို

MCN TV CHANNEL
2019 ဒီဇင်္ဘာလ 09

● နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မကြာခင် နယ်သာလန်နိုင်ငံ The Hagu မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ တရားခွင်မှာ အမှုရင်ဆိုင်တဲ့အခါ နိုင်ငံတကာ ဥပဒေကြောင်းအရသာ ဆောင်ရွက်ဖို့နဲ့ နိုင်ငံ ရေးအရ ချည်းကပ် ဆောင်ရွက်တာမျိုးတွေ မကြိုးစား စေချင်ဘူးလို့ Aid Network ရဲ့ Founder ဖြစ်သလို နိုင် ငံတကာ လူ့အခွင့် အရေး ဥပဒေပညာရှင် ဦးအောင်ထူးက တိုက်တွန်းပြောကြား လိုက်ပါတယ်။

Friday, December 6, 2019

ဖမ်းခံရတဲ့ သမီးဖြစ်သူ AA ခေါင်းဆောင်ဇနီးနဲ့ ဖခင်အဆက် အသွယ် မရ

VOA
ဗွီအိုအေ (မြန်မာဌာန) 
06 ဒီဇင်ဘာ၊ 2019
ကိုဇော်ဝင်းလှိုင်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇော်ဖြူနဲ့ သား သမီး နှစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် လ၀ကရုံးမှာ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်း
တွေ ထွက်နေပေမယ့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ မနှင်းဇော်ဖြူရဲ့ ဖခင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။

မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana နဲ့ Skype ကနေ ဆက်သွယ်မေးမြန်းမှု

မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနားတရားရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇ၀တ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာ မက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော်တို့ ကိုပါ universal jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေ ရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင် ကြား ထားတာဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ တချို့ပူးပေါင်းပြီး အမှုဖွင့်ထားတာပါ။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */