Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

Thursday, December 14, 2023

ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

 ဧရာဝတီ
14 December 2023
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသသို့ ရောက်ရှိလာသော ရိုဟင်ဂျာ အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က တွေ့ရစဉ် / AFP 

နိုဝင်ဘာလမှစတင်ပြီး အင်ဒိုနီးရှားကမ်းခြေ ဘန်ဒါအာချေးသို့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ကျော် ရောက်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီ မေတ္တာရပ်ခံလိုက်သည်။

Thursday, October 27, 2022

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်း၏ ခေါင်းဆောင်မှု မြန်မာပြည်တွင်ကျရှုံး

Dhaka Tribune

အေအက်ဖ်ပီ
အောက်တိုဘာလ 27 ရက်၊ 2022,


ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင် ရှုံးနိမ့်ခဲ့ကြောင်း ကုလသမဂ္ဂအရှေ့တောင်အာရှနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သဘောထားကွဲလွဲမှုတွေကို ဖြိုခွင်းရာမှာ လူပေါင်း ၂၃၀၀ ကျော် သေ ဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရွာတွေမှာ အဓမ္မကျင့်မှု၊ တရားလက်လွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။

Thursday, October 15, 2020

ရိုဟင်ဂျာအရေး နိုင်ငံတကာ အလှူရှင်ညီလာခံကျင်းပမယ်

VOA 
ဗွီအိုအေ (မြန်မာဌာန) 
15 အောက်တိုဘာ၊ 2020 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းပွဲကျင်းပနေတဲ့ ရိုဟင်ဂျာများ။ (သြဂုတ် ၂၅၊ ၂၀၁၉)
 
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေး အလှူရှင်များဆိုင်ရာ ညီလာခံကို ရှေ့အ ပတ်ထဲ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဗီဒီယိုကတဆင့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့အတူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံအတွင်း အိုးအိမ် စွန့်ခွာ ပြောင်းရွှေ့ နေထိုင်နေရသူတွေကို အကူအညီ တိုးမြှင့်ပေးဖို့ ကမ္ဘာ့နိုင်ငံ  တွေကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

Wednesday, April 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ကူးစက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ စိုးရိမ်

VOA 
ဗွီအိုအေ (မြန်မာဌာန)
08 ဧပြီ၊ 2020
မဆုမွန်
ရိုဟင်ဂျာဒုက္ခသည်စခန်း
 လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကို ဒုက္ခသည်တွေရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်မှုတွေမြင့်တက် လာနေတဲ့အကြောင်း မဆုမွန်က တင်ပြပေးထားပါတယ်။

Friday, December 13, 2019

မြန်မာ ICJ ချေပချက်အပေါ် နိုင်ငံတကာ ဥပဒေပညာရှင် အမြင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker နှင့် VOA အင်တာဗျူး 
 
 မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံး လျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Wednesday, September 18, 2019

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားပေးမှု ထိရောက် ကြောင်း ကုလထောက်ပြ

VOA
 ဗွီအိုအေ (မြန်မာဌာန)
18 စက်တင်ဘာ၊ 2019 
အင်ကြင်းနိုင်
 မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်းတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (Geneva, 17 September 2019) 
 
နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ် အတွက် နိုင်ငံတကာ ဖိ အားပေးမှုဟာ အလုပ်ဖြစ်ကြောင်း FFM မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်း ဥက္ကဌ Mr. Marzuki Darusman က အင်္ဂါနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ ပါတယ်။

Tuesday, April 23, 2019

ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတ ကာအဖွဲ့အစည်းတွေ တောင်းဆို

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
                                          ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်  

 ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာအရပ်ဘက်လေ့ လာစောင့်ကြည့်ရေး အဖွဲ့တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။


RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။


Link : Here

Sunday, November 19, 2017

ရိုဟင်ဂျာပြဿနာ နိုင်ငံတကာဝင်မပါဖို့ တရုတ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ နိုဝင်ဘာ၊ ၂၀၁၇
မနီလာမြို့တွင်ကျင်းပသည့် ARF အစည်းအဝေးတွင် တွေ့ရသည့် တရုတ်ဝန်ကြီးချုပ် Wang Yi။ သြဂုတ် ၈၊ ၂၀၁၇။

ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေနဲ့ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စနေနေ့မှာ တိုက် တွန်းလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */