Showing posts with label ပေါက်တော. Show all posts
Showing posts with label ပေါက်တော. Show all posts

Saturday, October 11, 2025

ရခိုင်ပြည်နယ်ရှိ မြို့ (၁၇) မြို့များ၏ ရာဇဝင်အကျဉ်း

 ရခိုင်ပြည်နယ်ရှိ မြို့ (၁၇) မြို့များ၏ရာဇဝင်အကျဉ်း

<><><><><><><><><><><><><><><><><><> 
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။ မြို့၏မြောက်ဖက်ကို ဆတ်ရိုးကျချောင်းက ပိုင်းဖြတ်ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။

တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။ အကျဉ်းဆုံးနေရာသည် ခြောက်ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန်မြို့ဟုလည်း အမည်တွင်ခဲ့သည်။

ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်းတော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ် (AKYAB)ဟု ခေါ်ကြသည်။
စစ်တွေမြို့နယ်ဧရိယာ၏ (၃၅) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးသည်။ သစ်တောဧရိယာ မရှိပါ။ ပုဇွန်ကန် (၄၂၆) ကန်နှင့် မွေးမြူရေးဧရိယာ (၄၈၉၀) ဧကရှိသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်သည်။
စစ်တွေအနောက်ဖက်ရှိ ပေ (၂၀) ခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခုသာ အမြင့်ဆုံးကုန်းမြင့် ဖြစ်ပါ သည်။ 

ကျေးရွာအုပ်စု (၂၇) စုနှင့် ကျေးရွာငယ် (၈၇) ရွာရှိပါသည်။ ကန်တော်ကြီး၊ ဘုရားကြီး၊ ဧစေတီ၊ သလုံးတော်ဓာတ်စေတီ၊ လောကာနန္ဒာစေတီ၊ မင်းကြီးကျောက်တန်း၊ ရှုခင်းသာလမ်း၊ ပွိုင့်၊ စစ်တွေဟော်တယ်ရှေ့ကမ်းခြေ၊ နန္ဒာဝန်ဥယျာဉ်တို့မှာ ထင်ရှားသည်။

Tuesday, January 7, 2025

ပေါက်တောက ရိုဟင်ဂျာဒုက္ခသည်တွေကို AA က စားနပ် ရိက္ခာထောက်ပံ့

RFA
RFA Burmese
2025.01.06

ပေါက်တောမြို့နယ် အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းအား AA ရိက္ခာထောက်ပံ့နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ HDCO Photo 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇန်နဝါရီလ ၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

Tuesday, December 19, 2023

ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ

RFA
RFA Burmese
2023.12.18

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

Monday, December 18, 2023

ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ

RFA
RFA Burmese
2023.12.18
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအ ဖွဲ့အ စည်း တွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေ ရေး ခက် ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း (၁) နဲ့ စခန်း (၂) မှာ အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦး ရေ တစ်သောင်းကျော် ခိုလှုံနေတာပါ။

Sunday, November 26, 2023

မောင်တောတွင် တိုက်ပွဲဖြစ်၊ ပလက်၀နှင့်ပေါက်တောတို့ တွင်လည်း တိုက်ပွဲပြင်းထန်၊ ပေါက်တောမြို့ မီးလောင်

ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 26, 2023


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ရက္ခိုင့်တပ်တော် (AA) က ရက္ခိုင်ပြည်၊ မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီး စစ်ကောင်စီ၏ နခခ ၄ လက်အောက်ခံတပ်ဖွဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း သိရှိရသည်။

Wednesday, November 22, 2023

ရခိုင်မှာ တိုက်ပွဲပြင်းထန်လာပြီး ဒေသခံများ အခက်အခဲ ပိုမိုကြုံတွေ့နေရ

CNI
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

AA တပ်ဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

Tuesday, November 21, 2023

ပေါက်တောတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန် နေ၊ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်

Western News
နိုင်ဝင်ဘာ ၂၁ ၂၀၂၃
ရခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA ကဝင် ရောက် တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်က တပ်စွဲထားသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ဘက်ကပစ်ခတ်သည့်လက်နက်ကြီး ပေါက်တော ကျေးရွာများသို့ ကျရောက်ပေါက်ကွဲနေ (ရုပ်သံ)

Western News
နိုဝင်ဘာ ၂၁ 


ရခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်ကို ပစ်ခတ်နေ၍ ပေါက်တောမြို့နယ် ကျေးရွာများသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိသတင်းရေးနေသည့်အချိန်အထိ စစ်တွေမြို့က ပစ်ခတ်သည့် လက်နက်ကြီး၂၁လုံးထက် မ နည်း ရှိပြီးဖြစ်ကြောင်း စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြော သည်။

Western News-WN

Link : Here

Saturday, November 18, 2023

ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေ ဆုံး

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကိုနိုဝင်ဘာ၁၆ရက်မနက်အစောပိုင်းမှာရက္ခိုင့် တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့် တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ တယ်။

Monday, May 8, 2023

ပေါက်တော ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် နှစ်ရာနီးပါး မီးလောင်

RFA
RFA Burmese
2023.05.08

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က မီးလောင်နေသည်ကို တွေ့ရစဉ်။
Citizen Journalist


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၇ ရက် ညနေကနေ ည ၉ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့တာကြောင့် နေအိမ်ပေါင်း ၁၈၅ လုံးဟာ မီးလောင်ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာ တွေက RFA ကို ပြောပါတယ်။

ထမင်းချက်ရာကနေ မတော်တဆမီးလောင်ခဲ့တာလို့ အဲဒီစခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးလှမောင်က RFA ကို ပြောပါတယ်။

Saturday, January 8, 2022

ပေါက်တော သမိုင်းဝင်စေတီအတွက် မွတ်ဆလင် ၄ ရွာမှ ငွေကျပ် ၂၄ သိန်းကျော်လှူဒါန်း

Western News 
ဇန်နဝါရီ ၈ ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း ပုဏ္ဏားကြီးကျေးရွာအုပ်စုတွင်တည်ရှိသည့် သမိုင်းဝင် လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းဆောက်လုပ်မည့် စိုင်းတုတ်ကျွန်းဓမ္မတော်နှင့် ဘုရား ဝေယာဝိစ္စအတွက် စိုင်းတုတ်ကျွန်းရှိ မွတ်ဆလင်ကျေးရွာ ၄ ရွာမှအလှူရှင်များက ကျပ် ၂၄ သိန်း ကျော်လှူဒါန်း လိုက်သည်။

Saturday, June 8, 2019

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်စစ်ရှောင်စခန်း သို့ ဝင်ရောက်ခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြင့်တက်

နိရဉ္စရာ
နောင်ခိုင်အောင်
စစ်တွေ၊ ဇွန် ၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် စစ်ဘေးရှောင် စခန်းသို့ ထွက်ပြေးခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြှင့်တက်လာကြောင်း သတင်းရရှိသည်။

Sunday, May 19, 2019

ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းရေးနဲ့ အဖြေရှာဖို့အတွက် တောင်းဆိုဆန္ဒပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-19

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာညှိနှိုင်းအဖြေရှာဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၁၉ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်
Photo: Min Thein Aung/RFA


ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ သံဃာတော်နဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒ ပြတောင်းဆိုခဲ့ကြပါတယ်။

Saturday, November 10, 2012

ရခိုင်ဒေသအကူအညီများ သွားရောက်ခွင့် သံရုံးများ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
10 November 2012
 
                              ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မီးလောင်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတစ်ခု။

ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ် လပ် လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော် ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆို လိုက်ပါ တယ်။ 
 

ရခိုင် လူနေမှု စိစစ်ရေး အခက်အခဲ

B B C
ဘီဘီစီ မြန်မာပိုင်း
10 နိုဝင်ဘာလ 2012

 ရခိုင် ပြည်နယ်မှာ တရားမဝင် ဝင်နေသူတွေကို ခွဲခြား ဖို့ စိစစ် စုံစမ်းရာမှာ ပြဿနာ နဲ့ အဆင်မပြေမှုတွေ ရှိ တယ်လို့ သိရပါတယ်။

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

Narinjara
Saturday, November 10, 2012
 ထွန်းထွန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့ နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။ “ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာနာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီးတောင်း ဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက် တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */