VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
11 ဇွန်၊ 2019
ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့၀ ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးနေပုံ (သတင်းဓာတ်ပုံ - စခန်းတာဝန်ခံဆရာတော် သဘာဝနဒီ)
ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်း ကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန် ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ် သူတွေ ရှိနိုင်တယ် ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ရှာဖွေဖို့ ပြီးခဲ့တဲ့ရက်တွေမှာ စစ်တပ်က ဝိုင်းထားတဲ့အတွက် လုံခြုံရေး စိုးရိမ်တာကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ကတော့ စခန်းကနေ ထွက်ခွာသွား တယ်လို့ လည်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။