VOA
ဗွီအိုအေ (မြန်မာပိုင်း) ၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရ၀မ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွှဲပြောင်းပေးလိုက်ပါပြီ။ ရ၀မ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှု တွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာင်္ နေ့က ကြေညာချက်ထုတ်ပါတယ်။
27 အောက်တိုဘာ၊ 2020