" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ဒုက္ခသည်. Show all posts
Showing posts with label ရခိုင်ဒုက္ခသည်. Show all posts

Saturday, October 10, 2020

ရခိုင်ဒုက္ခသည်တွေကို မွတ်စလင်တွေ ကူညီထောက်ပံ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-10-09


ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ နေထိုင်စားသောက်ရေးအတွက် စစ်တွေနဲ့ ရန်ကုန်က မွတ်စလင်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက လှူ  ဒါန်းနေပါတယ်။ ဒီလို လူသားချင်းစာနာမှုဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပိုတိုးလာစေ တယ် လို့ သုံးသပ်ကြပါတယ်။

Wednesday, May 22, 2019

ကုလမဟာမင်းကြီးခရီးစဉ် ရခိုင်ဒေသ ဒုက္ခသည်တွေ ကြိုဆို

VOA  
ဗွီအိုအေ (မြန်မာဌာန
22 မေ၊ 2019
မဆုမွန်
ကုလမဟာမင်းကြီးFillippo Grandi က ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံများနှင့်တွေ့ဆုံ (moi)  

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အရင်ဆုံး စစ်ရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဦးစားပေး အလေးထား သွားရောက်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း နဲ့လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေသခံ တွေကပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ မြန်မာခရီးစဉ်အတွင်း ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးနိုင်ခဲ့မယ်လို့မျှော်လင့်ကြောင်း ရိုဟင်ဂျာဒုက္ခသည် တွေကပြော ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */