" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label owif;. Show all posts
Showing posts with label owif;. Show all posts

Wednesday, May 17, 2023

မုန်တိုင်းကြောင့် စစ်တွေမှာ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံး

RFA
RFA Burmese
2023.05.16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဘာဆာရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။SAI Aung MAIN / AFP

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး၊ ပျောက်ဆုံးသူလည်း အများအပြား ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရိုဟင်ဂျာအကြံပေးအဖွဲ့နဲ့ မြေပြင်မှာ စေတနာ့ဝန်ထမ်း အချက်အလက် ကောက်ယူနေသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.06 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီ လ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယော ကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”

Saturday, January 18, 2020

မြန်မာအပေါ် သြဇာပိုလွှမ်းမိုးနိုင်ဖို့ တရုတ် ကြိုးပမ်း

NHK World Japan
2020.01.18

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာ ဖြစ်ပါတယ်။

Friday, July 5, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-05
တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ဆုံစဉ် Photo: Mark Schiefelbein / POOL / AFP 

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုပ်နိုင်ငံမှာရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */