VOA
ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆို သွားပါတယ်။ အမေရိကန် ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ် Louisville တက္ကသိုလ် McConnell စင်တာ မှာ လုပ်တဲ့ အခမ်း အနားတွင်းမှာ တနလာၤနေ့က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။