" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်နယ်စပ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်နယ်စပ်. Show all posts

Friday, January 27, 2023

စခန်းမီးရှို့ခံရသော ရိုဟင်ဂျာ ၂၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုလှုံနေရ

Myanmar Now
ပိုးဥ
Published on Jan 27, 2023



စခန်းတွင်း တိုက်ပွဲအပြီး ထွက်ပြေးရသည့် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ရှိ စာသင်ကျောင်းတစ်ခုတွင် ရောက်ရှိ နေသည်။

၂၀၂၂ သြဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုတွင် သောက်သုံးရေ ရရယူနေသူများ (ဓာတ်ပုံ-EPA)

တိုက်ပွဲဖြစ်၊ စခန်းမီးရှို့ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသော ရိုဟင်ဂျာ ၂၀၀၀ ခန့် နယ်စပ်အနီးရှိ စာသင်ကျောင်းတစ်ခုတွင် ခိုလှုံနေသည်ဟု သိရသည်။

ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် နယ်စပ်ခြံစည်းရိုးအနီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပြီး ထိုနေရာအနီး လူဦးရေ ၂၀၀၀ ကျော် နေထိုင် သော စခန်း မီးရှို့ခံရသည်။

ထို့နောက် ထိုစခန်းမှ ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရာ လူ ၅၀၀ ခန့်သည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြသည်။

သို့သော်လည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ခေတ္တသာ ခိုလှုံခွင့်ပြုပြီး နှင်ထုတ်ခဲ့၍ တစ်ဖက်နိုင်ငံပိုင် နက် Tumbru နယ်စပ်ရှိ စာသင်ကျောင်း၌ ထွက်ပြေးသူ လူ ၂၀၀၀ ခန့်သည် စုပေါင်းခိုလှုံနေကြရသည်။

Monday, January 23, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာ ဘက် ထွက်ပြေး

ဧရာဝတီ
21 January 2023
စစ်ကောင်စီက နယ်စပ်မျဉ်းပေါ် ပြန်မောင်းထုတ်ခြင်းခံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / Aung Kyaw Moe/FB

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ဇီးရိုးလိုင်းပေါ်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်မျဉ်းပေါ်တွင် နေထိုင်သည့် မွတ်စလင်ဒုက္ခသည် များ မြန်မာဘက်သို့ ထွက်ပြေးရကြောင်း သတင်း ရရှိသည်။

မွတ်စလင် လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO အဖွဲ့တို့သည် ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင်ရှိသည့် ဒုက္ခသည်စခန်းတခုလုံးမှာလည်း မီးရှို့ခံရကာ၊ စခန်းရှိ ထောင်နှင့်ချီသည့် ဒုက္ခသည်များ ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်ရွာသားများက ပြောသည်။

Friday, January 20, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေး သမား များကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး

မဇ္စျိမ
AFP
20 January 2023

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေ ဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */