ဧရာဝတီ
၂၉ ဇွန် ၂၀၂၃
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ မိုခါမုန်တိုင်းဒါဏ်ကို ဆိုး ဝါးစွာ ခံစားခဲ့ကြရပြီးနောက် မုန်တိုင်းအလွန်ကာလမှာလည်း စစ်ကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက တစုံ တရာ ထောက်ပံ့တာမျိုးမရဘူးလို့ သိရပါတယ်။ အုန်းတောချေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဦးရေ တထောင် ကျော်၊ အိမ်ထောင်စု တရာနီးပါး နေထိုင်ကြတာ ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရတဲ့ နေအိမ် အဆောက် အဦးတွေဟာ အခုထိ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ စစ်တွေမြို့ အနောက်ဘက်ခြမ်း ပင် လယ် ကမ်းစပ်အနီးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ ၂ သိန်းဝန်းကျင်ရှိပြီး မုန်တိုင်းကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။
#WhatsHappeningMyanmar #RejectMilitaryCoup
Link : Here