Showing posts with label မြေပုံမြို့နယ်. Show all posts
Showing posts with label မြေပုံမြို့နယ်. Show all posts

Monday, August 19, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲတွေဆက်ရှိ

VOA
19 သြဂုတ်၊ 2019
နိုင်ကွန်းအိန်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင်မြို့နယ် (၃) ခုမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့AAတို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဖက်ကတော့ မနေ့က ဘူးသီးတောင်မြို့နယ် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်သိမ်းဆီးရရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းတိုက်ပွဲမှာ နှစ် ဖက်ထိခိုက်မှုတွေရှိနေခဲ့တယ် လို့ AAဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိ န်ကနေ သတင်းပေးပို့ထားပါတယ်။

Sunday, July 21, 2019

တပ်မတော်က ရွာတွေထဲမှာ နေရာယူလာလို့ ရွာသား တွေထွက်ပြေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-21

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲသံကြိုးကျေးရွာက ရွာသားတွေ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို ၂ဝ၁၉ ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြစဉ် Photo: RFA
 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက ပေါက်တူးတောင်နဲ့ ရေခေါင်းချိန်ကျေးရွာတွေကို အစိုးရတပ်မတော် က ဝင်ရောက်နေရာယူထားပြီး ရွာအနီးက တောင်ဆိပ်မြစ်အတွင်းမှာလည်း ရေတပ်ရေယာဉ်နှစ်စီး နေရာယူ ထားတဲ့အတွက် ဒေသခံတွေစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

Saturday, July 6, 2019

မြေပုံမြို့နယ် ပေါက်တူးတောင်ရွာတွင် ယောက္ခမနှင့် သမက်ဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရ

နိရဉ္စရာ
နိရဉ္စရာ၊ ဇူလိူင် ၆/ ၂ဝ၁၉
မြေပုံမြို့နယ်၊ ပေါက်တူးတောင်ရွာမှ ဦးမောင်ဘကျန်နှင့် သမက်ဖြစ်သူတို့ ဇူလိူင် ၅ ရက် ည ၈ နာရီကျော် အချိန်ခန့်တွင် လုပ်ကြံ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

Wednesday, June 19, 2019

မြေပုံမြို့နယ်မှာ တပ်သတင်းပေးလို့စွပ်စွဲခံရသူတစ်ဦး လုပ်ကြံခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-19
သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ကို တွေ့ရစဉ်။
Photo: Yair Yint Aung


 ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ဟာ မနေ့ည ၈ နာရီလောက်က သူ့ရဲ့နေအိမ်ပေါ်မှာ မိသားစုနဲ့အတူ တီဗီထိုင်ကြည့်နေစဉ် သေနတ်နဲ့ လုပ်ကြံ သတ် ဖြတ်ခံခဲ့ရပါတယ်။

Friday, May 31, 2019

မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */