" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လှည်းကူး. Show all posts
Showing posts with label လှည်းကူး. Show all posts

Wednesday, December 21, 2022

လှည်းကူးမှာ ရိုဟင်ဂျာအလောင်းတွေကို အစုလိုက်စွန့်ပစ်တဲ့ အဖွဲ့ကို ဖမ်းမိပြီလို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က တပင်ရွှေထီးလမ်းပေါ်မှာ ရိုဟင်ဂျာအလောင်းတွေကို လာရောက်စွန့်ပစ်သွားတဲ့ လူ ၁၃ ဦးပါ လူမှောင်ခိုအဖွဲ့ကို ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် လာပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရိုဟင်ဂျာတွေကို မှောင်ခိုကူးတဲ့အမျိုးသားတွေဟာ လူတစ်ဦးကို ၇ သိန်းနှုန်းရယူခဲ့ သူတွေ ဖြစ်ပြီး ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ထဲကိုဝင် အဲဒီကမှ တ ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ဆိုပါတယ်။

Tuesday, December 6, 2022

လှည်းကူးမှာအလောင်းတွေ့တဲ့ရိုဟင်ဂျာတွေဟာစစ်ကောင်စီ က ဖမ်းထားသူတွေဖြစ်တယ်လို့ဆို

dna
Delta News
December 5, 2022

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က လမ်းဘေးတနေရာမှာ ဒီဇင်ဘာ (၅) ရက် ဒီကနေ့မနက်အစောပိုင်းကတွေ့ရတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေဟာ ပြီးခဲ့လအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။

ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) ဦးရဲ့ အလောင်းတွေကို ဒီကနေ့မနက် (၇) နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ (၂၈) ရက်က ၁၂ ဘီး ကုန်တင်ယာဉ်တစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၆၆) ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းနှစ်ဦးအပါအဝင် အမျိုးသား (၅၄) ဦးနဲ့ အမျိုးသမီး (၁၄) ဦးဖမ်းဆီးခံခဲ့ရတာပါ။
                                                                         

Monday, December 5, 2022

ရန်ကုန်အဝင် လှည်းကူးမှာ အစုလိုက်သေဆုံးနေတဲ့ အလောင်း တွေတွေ့

B B C

ဘီဘီစီမြန်မာပိုင်း

05-12-2022

ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့နဲ့မိုင် ၂၀ လောက်ဝေးတဲ့ လှည်းကူးမြို့နယ်မှာ အသက်သေဆုံးနေတဲ့ ရိုဟင်ဂျာတွေ လို့ယူဆရတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို လမ်းဘေးမှာစုပုံထားတာ တွေ့ရှိရတယ်လို့ မျက် မြင် ဒေသခံတွေပြောဆိုချက် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု ငွေနံ့သာ စံပြကျေးရွာ၊ ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၁၃လောင်းကို တွေ့ရှိ ခဲ့ရတယ်လို့ သေဆုံးနေတဲ့အလောင်းတွေကို သွားရောက်ကြည့်ရှုကြတဲ့ ဒေသခံတွေက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */