" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်နိုင်ရေးပဋိပက္ခ. Show all posts
Showing posts with label ရခိုင်နိုင်ရေးပဋိပက္ခ. Show all posts

Wednesday, August 17, 2022

ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်ခရီးနဲ့ ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ

DM
ဩဂုတ် ၁၇ ၂၀၂၂
မင်းထီး-ရေးသည်။
(ဆောင်းပါး)

ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်အဆင့် ရက္ခိုင်ပြည်ထူထောင်ရေးကို ပထမအကြိမ်(၂၀၂၀) “ဝ”ပြည် နှစ်သုံးဆယ်ပြည့်အခမ်းအနားမှာ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က ထုတ်ဖေါ်ပြောကြားခဲ့ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းမှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ယခုဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ Online သတင်းစာရှင်း လင် းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခိုင်အမာ ပြန်လည်ပြောကြားလာတာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးကိုပါ ဂယက်ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ (၂၀၂၀) နိုဝင်ဘာလ(၁၁)ရက်နေ့ကနေစတင်ကာ အပစ်ရပ်နေခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */