VOA
ဗွီအိုအေမြန်မာပိုင်း
စံကျော်
၀၅ အောက်တိုဘာ၊ ၂၀၂၃
ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းနေပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ခေါင်းဆောင်အဖြစ် မသင်္ကာသူတဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးလိုက်သလို၊ ARSA အဖွဲ့နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကြား ပဋိပက္ခကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့တာပါ။ ဒုက္ခသည်စခန်းတွေက အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထား တာကို ကိုစံကျော် တင်ပြထားပါတယ်။