ပေါ်ပြူလာ
Popular Journal
November 27, 2023
ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည်ပို့ကုန် တင်ပို့မှုသာရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
နိုဝင်ဘာလ (၁) ရက်မှ (၂၁) ရက်အထိ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ပို့ကုန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။