" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဦးကျော်မင်း. Show all posts
Showing posts with label ဦးကျော်မင်း. Show all posts

Thursday, January 21, 2021

တရုတ်စီမံကိန်းတွေ လုပ်ဖို့ ရိုဟင်ဂျာတွေကို ရည်ရွယ်ချက် နဲ့ နယ်မြေရှင်းလင်းခဲ့ဟုဆို

MCN TV NEWS CHANNEL
2021 January

❖ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်‌ မြောက်ပိုင်းမှာ (ရိုဟင်ဂျာ) တွေကို  တဖက်နိုင်ငံ ထွက်ပြေးသွားအောင် တပ်မတော်နဲ့ အရပ်သားအစိုးရ ရည်ရွယ်ချက်နဲ့ နယ်  မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ဟု ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ DHRP က ထုတ်ဖော်ပြော ကြား လိုက် ပါတယ်။


❖ MCN သတင်းဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ လူမှုသဟဇာ တဖြစ်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး (ရိုဟင်ဂျာ) နဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်သားအစိုးရ ဆွေးနွေး ညှိနှိုင်းမှု ရှိ၊ မရှိ မေးမြန်းရာမှာ DHRP ပါတီ ဥက္ကဌ ဦးကျော်မင်းက အဲ့ဒီလို ထုတ်ဖော်ပြောကြားလိုက်တာပါ။

Link : Here

Thursday, July 16, 2020

အားလုံးပါဝင်ခွင့် မရှိတဲ့ ရွေးကောက်ပွဲဆို နိုင်ငံတကာရဲ့ မေးခွန်းထုတ်မှု ပိုဆိုးလာမယ်


MCN TV NEWS CHANNEL
2020-07-16


❖ အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရှိအောင် ဦးဆောင်ကျင်းပပေးဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) က တောင်းဆိုလိုက်ပါတယ်။

Thursday, December 5, 2019

ဦးကျော်မင်းနှင့် MCN TV Channel တွေ့ဆုံမေးမြန်းခန်း။

MCN TV News Channel
05 ဒီဇင်္ဘာလ 2019


●အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့အပြင် နိုင်ငံတကာရဲ့ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာအရေးကို အတွေးအခေါ်ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်ခွင့်ပြုရင် တပ်မတော်ကာ ကွယ် aရး ဦးစီးချုပ်သာမက အတိုင်ပင်ခံပုဂ္ဂိုလ်လည်း နိုဘယ်ငြိမ်းချမ်းဆု ထပ်မံရရှိလိမ့်မယ်လို့ ဒီအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ဦးကျော်မင်းက ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် နိုင်ငံတကာဖိအားတွေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာ အဲ့ဒီအသိုင်းဝိုင်းက အမှန်တ ကယ် ထောက်ခံပြီး တာဝန်ခံမှုနဲ့ ကိုယ်စားပြုစု အပြည့်အဝရှိတဲ့ သူတွေကို တန်းတူညီမျှစွာ အားလုံးပါဝင် ခွင့်ပေးခြင်းအားဖြင့်လည်း ပြည်တွင်းရေး ပြဿနာအဖြစ် ပြေလည်စွာဖြေရှင်းနိုင်မယ်လို့လည်းသူက ဆိုတာပါ။

● ၁၉၉၀ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို ရွေးကောက်တင်မြှောက်ခံလွှတ်တော်ကိုယ် စားလှယ်အဖွဲ့ CRPP အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို နှစ်ရှည်ထောင်ဒဏ်တွေလည်း ချမှတ်ခံရပြီး လက်ရှိ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ကို ထူထောင်ထားသူ ဦးကျော်မင်းက MCN ရုပ်/သံ သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း The Streamiz Show အစီအစဉ်မှာ ပြောကြားခဲ့တာပါ။

● အပြည့်အစုံကို MCN ရုပ်/သံ သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်မှာ တွေ့မြင်ကြရမှာ ဖြစ် ပါတယ်။


လင့်၊https://www.youtube.com/watch?v=YYE3vi6FqAM&feature=youtu.be&fbclid=IwAR0tN1JReea37rX8M8y5BmHM6ERuYWqcBPGvLWOfvL_24kLlpCd6b4-1t5E

Tuesday, October 20, 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ


B B C
ဘီဘီစီ မြန်မာပိုင်း
၂၀ အောက်တိုဘာ ၂၀၁၅
ပါတီအလံ

ပါတီအမည်

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ

Democracy and Human Rights Party

ပါတီ ဥက္ကဋ္ဌ

ဦးကျော်မင်း(ခ)မာမောက် ရှောင်ရှူ အာနောရူ လာဟောက်

ယှဉ်ပြိုင်မည့်နေရာ

၁၈ နေရာ။ ပြည်သူ့လွှတ်တော် ၃ နေရာ ။ အမျိုးသားလွှတ်တော် ၅ နေရာ။ တိုင်းနဲ့ပြည်နယ် လွှတ်တော် ၁၀ နေရာ။

ပါတီမူဝါဒ

စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံသား တစ်ရပ်လုံး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေးတို့တွင် တန်းတူညီတူ အခွင့်အရေးများ ရရှိစေရေး။

ပါတီနယ်မြေ

ပြည်ထောင်စု တဝန်းလုံး

ပါတီရုံးချုပ် တည်ရှိရာ

အမှတ်(၁၁၆/၁၁၈) ၊ ၆ လွှာ(B)၊ ဘိုကလေးဈေးလမ်း၊ (၈) ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

ဆက်သွယ်ရန်

၀၉-၅၀၀၇၃၄၈၊ ၀၁-၆၆၇၈၈၀ (ဦးခင်ဇော်)၊ ၀၉-၇၃၂၄၇၈၈၇(ဦးကျော်မင်း)


လင့်၊https://www.bbc.com/burmese/burma/2015/10/151020_2015_election_party_54

Friday, September 18, 2015

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ အခြေအနေ မေးမြန်း ချက်။

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2015-09-18


ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံးနီးပါကို ပြည်ထောင်စု ရွေး ကောက် ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေစီနှင့် လူ့ အ ခွင့် အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေအများစုဟာ အစ္စလာမ်ဘာသာဝင် တွေဖြစ်ကြပါတယ်။ ပါတီ ဥက္ကဌ ဦးကျော်မင်း ကို RFA သတင်းထောက် ကိုမျိးဇော်ကို က တွေ့ဆုံမေးမြန်း ထား ပါတယ်။



လင့်၊https://www.rfa.org/burmese/interview/dhrp-party-ukyawmin-interview-09182015051438.html

Friday, September 11, 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ် လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ

မဇ္ဈိမ
Friday, September 11, 2015


ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းပေးသွင်းထားရာ ၁၇ ဦး ပယ်ချခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မိုဟာမက်ရှောင်အ နောရူလာဟောက်က မဇ္ဈိမသို့ ပြောသည်။

ပြည်နယ်လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦးတို့က မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရာ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာ ကိုယ်စားလှယ်လောင်း စာရင်းပါခဲ့သည်ဟု ဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */