" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂါဇာ စစ်ဆင်ရေး. Show all posts
Showing posts with label ဂါဇာ စစ်ဆင်ရေး. Show all posts

Sunday, November 12, 2023

ဂါဇာ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် အစ္စလာမ္မစ်-အာရပ် ထိပ်သီး အစည်းအဝေးက ဆော်ဩ

DVB
November 12, 2023
ဆော်ဒီအာရေဗျနဲ့ မွတ်ဆလင်နိုင်ငံတွေက ဂါဇာမှာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့ နိုဝင်ဘာ ၁၁ ရက်က ဆော် ဩ လိုက်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့မြို့တော် ရီယာ့ဒ်မှာ ကျင်းပတဲ့ အစ္စလာမ္မစ်-အာရပ် ထိပ်သီး အစည်းအဝေးမှာ စစ်ပွဲရဲ့ အကြောင်းပြချက်အဖြစ် အစ္စရေးတို့ရဲ့ ခုခံကာကွယ်မှု ဆိုတဲ့အချက်ကို ပယ်ချခဲ့ ပါတယ်။

Thursday, November 9, 2023

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်း ပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ နိုဝင်ဘာ၊ ၂၀၂၃ 

ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။ ဒီအချိန်မှာပဲ အစ္စရေး ဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာ ကြောင့် လူသားစာနာမှုလမ်းကြောင်းတွေကို သုံးပြီး ပါလက်စတိုင်းတွေရှောင်တိမ်းထွက်ခွာဖို့အချိန် ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */