သမိုင်းအတွေ့အကြုံ
၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် သမ္မတဦးစန်းယုတို့သည် ရာထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်။ ယင်းနောက် သမ္မတနှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့် အပ်ခဲ့သည်။