Showing posts with label နာမည်ပျက်စာရင်း. Show all posts
Showing posts with label နာမည်ပျက်စာရင်း. Show all posts

Sunday, June 28, 2020

နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ် ဆယ်မလဲ

ဧရာဝတီ
28 June 2020
အောင်မျိုးမင်း

မကြာမီက ကုလသမဂ္ဂကနေ မြန်မာ့တပ်မတော်ကို ကလေး စစ်သားအသုံးပြုတဲ့ အမည်ပျက်စာရင်း ကနေ ထုတ်ပစ်ခဲ့ပါတယ် / ဧရာဝတီ

ကုလသမဂ္ဂမှာ နိုင်ငံတခုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ် ၂ ခုရှိပါတယ်။ တခုကတော့ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီကနေ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက် (UN Human Rights Council Resolution) ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေး လေ့ရှိပါတယ်။ နောက်တခုကတော့ နယူးယောက်မြို့မှာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ အထွေထွေ ညီလာခံက နေ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (UN General Assembly Resolution) ဖြစ်ပါတယ်။

Wednesday, April 24, 2019

မြန်မာ အစိုးရ တပ် နာမည်ပျက် စာရင်း သွင်းခံရ

B B C
ဘီဘီစီ မြန်မာပိုင်း
15 ဧပြီ 2018


မြန်မာ နိုင်ငံမှာ အစိုးရ စစ်တပ် ဟာ အဓမ္မ ပြုကျင့် တာတွေ၊ လိင် ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုတွေ ကျူးလွန် နေတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ ကုလသမဂ္ဂ က အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် နာမည် ပျက် စာရင်း တင်သွင်း လိုက်ပါတယ်။

အစိုးရ စစ်တပ် အနေနဲ့ ပထမဦးဆုံး အကြိမ် ကုလသမဂ္ဂ မှာ နာမည်ပျက် စာရင်း သွင်း ခံရတာ ဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဒီ အကြောင်းကို ဆွေးနွေးကြမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */