Showing posts with label UWSP. Show all posts
Showing posts with label UWSP. Show all posts

Saturday, October 1, 2022

“ဝ” ပြည်နယ်အရေးနှင့် ဆက်စပ်အတွေးများ

DM
အောက်တိုဘာ ၁ -၂၀၂၂
(ဆောင်းပါး)
ဂေါင် -ရေးသည်။
 
ခတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအရ တန်းတူအခွင့်အရေး တောင်းဆိုနေကြသည့် တိုင်း ရင်း သားလက်နက်ကိုင်များအပေါ် သူပုန်၊ သောင်းကျန်းသူ၊ အကြမ်းဖက်အဖွဲ့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲလာခဲ့ သည်မှာ ယနေ့ထိပင်တွေ့ရသည်။

ထို့အတူ စစ်ခေါင်းဆောင်များက တိုင်းရင်းသားတပ်ဖွဲ့များအား လက်နက်ဖျက်သိမ်းရေး၊ တပ်မတော် (သို့မ ဟုတ်) နယ်ခြားစောင့်တပ် စသည့်နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ်ပြုလုပ်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့နှင့် တိုက်ပွဲမဖြစ်ပွားသည့် အင်အားကြီးအဖွဲ့အချို့ကို အလျော့ပေး ဆက်ဆံလာသည်။

Friday, April 19, 2019

NCA စာချုပ် ၀ တပ်ဖွဲ့ လက်မှတ်ထိုးမည်မဟုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
ကိုမိုးဇော်

 ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့သဘောထားကွဲလွဲမှုရှိနေကြောင်း နဲ့ တပ်မတော် တစ်ခုတည်းထားရှိရေးကိုလည်း နိုင်ငံရေး အာမခံချက်တွေ အပြည့်အ၀ ရရှိမှ ဆုံးဖြတ်နိုင်မှာဖြစ် ကြောင်း ဒီကနေ့ ပန်ဆန်းမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UWSP ရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပန်ဆန်းမြို့ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

Thursday, April 18, 2019

ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်ပြဌာန်းခွင့်ပိုအရေးကြီး - AA စစ်ဦးစီးချုပ်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
သားညွန့်ဦး
  AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ရခိုင်ပြည်နယ်တွင်း ဒေသခံတိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ပိုအရေး ကြီးပြီး၊ ဒီလို အမျိုးသားကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရမှပဲ ငြိမ်းချမ်းရေးရနိုင်မယ်လို့ မြန်မာနိုင်ငံအနောက် ခြမ်းမှာ မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်က ပြော လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်အစွန်းရောက်ပြဿနာတွေကိုလည်း သူတို့အနေနဲ့ စောင့်ကြည့်အကဲခတ်နေတယ်လို့ ပြောပါတယ်။ ၀ ဒေသ ငြိမ်းချမ်းရေး နှစ်၃၀ ပြည့်ကျင်းပရာ ပန်ဆန်းမှာလုပ်တဲ့ AA သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */