" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေရပ်ပြန်ရေး.ဆိုင်းငံ့. Show all posts
Showing posts with label နေရပ်ပြန်ရေး.ဆိုင်းငံ့. Show all posts

Friday, March 31, 2023

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့ဖို့ HRW တိုက်တွန်း

RFA
RFA Burmese
2023.03.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ MUNIR UZ ZAMAN / AFP

စစ်အာဏာရှင်လက်ထက် ရိုဟင်ဂျာတွေကို မြန်မာပြည်ကို နေရပ်ပြန်ပို့ခြင်းဟာ သူတို့ရဲ့ အသက်ရှင်သန်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အန္တရာယ်ရှိနေတဲ့အတွက် ဒီရိုဟင်ဂျာဒုက္ခသည် တွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆိုင်းငံ့ထားသင့်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး၊ သူတို့တွေအတွက် လုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးတွေ ဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံနဲ့အဝှမ်း လူအစုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေနဲ့ ရခိုင်ပြည်နယ်မှာ အသားအရောင် ခွဲခြားမှုတွေကြောင့် လက်တလော မဖြစ်နိုင်သေးကြောင်း HRW ရဲ့ တောင် အာရှ ညွှန်ကြားရေးမှုး Meenakshin Ganguly က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */