" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Thursday, November 23, 2023

BROUK အစီရင်ခံစာသည် ရိုဟင်ဂျာများ တိုးပွားလာနေ သည့် ဒုက္ခသုက္ခများကို မီးမောင်းထိုးပြသည်။

မဇ္ဈိမ
၂၃ နိုဝင်ဘာ ၂၀၂၃ 

ဖိုင်ဓာတ်ပုံ- UNHCR 


ရခိုင်ပြည်နယ်အတွင်း လူထောင်ပေါင်းများစွာကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေး တွန်းအားပေး နေ တာကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ အမိန့် ကို မြန်မာစစ်အစိုးရက လျစ်လျူရှုထားဆဲဖြစ်တယ်လို့ ရိုဟင်ဂျာတွေရဲ့ အစီရင်ခံစာသစ်မှာဖော်ပြထား ပါတယ်။ အဖွဲ့အစည်း UK (BROUK)။

Monday, November 20, 2023

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကိုရုပ်သိမ်း

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃ 

(ပင်လယ်ပြင်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ် ပင် ထား၍ ဒေသခံလူထု စားဝတ်နေရေး အခက်အခဲရှိနေ)

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တစ်ခု ကို ရုပ်သိမ်းထားသည့်အပြင် စစ်ကောင်စီက ပင်လယ်ပြင် ငါးဖမ်းခွင့်ကိုလည်း တားမြစ်ခြင်း၊ ခရီးသွား လာ ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ထား၍ လက်လုပ်လက်စား ဒေသ ခံလူထုအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု သတင်းရရှိသည်။

Thursday, November 16, 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ် တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှထွက်ပြေး တိမ်းရှောင်

ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 16, 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ ထွက်ပြေး တိမ်းရှောင်

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေ မြို့မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ပြည်နယ်စစ်ကောင်စီ နီးစပ်သူများနှင့် သတင်းရင်းမြစ်များထံ မှ သိရသည်။

ရက္ခိုင့်တပ် သိမ်းပိုက်ခဲ့သည့် ပေါက်တောမြို့ကို လေတပ်၊ ရေတပ်ဖြင့် စစ်တပ်ပစ်ခတ်

Myanmar Now
ရောင်နီ ဟန်သစ်
November 16, 2023

ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက ထိုမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် မြို့ခံများ ထွက်ပြေးနေရသည်။ မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲ စ ခန်းကို AA က ယမန်နေ့ (နိုဝင်ဘာ ၁၅ )၊ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင် အားပေါင်းထားသော ရဲ ၇၀ ခန့် လက်နက်ချခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရ သည်။ ယနေ့ နံနက် ၉ နာရီခွဲခန့်က ရဟတ်ယာဉ်များ ရောက်လာပြီး ရဲစခန်းအနီးပတ်ဝန်းကျင်ကို ပစ် ခတ်ကြသည်၊ လူနေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ယနေ့ ညနေ ၃ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် စစ်ရေယာဉ်တစ်စီးသည်ကုလားတန်မြစ်နှင့်ကျွဲကူးမြစ်ဆုံရာတောင်း ဖူးရွာအနီး ကျောက်ချ၍ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုး သမီး တစ်ဦးက ပြောသည်။

သတင်း၊ တင်ဆက် – ရောင်နီ၊ ဟန်သစ်
 

Link : Here

Saturday, September 16, 2023

ပြန်လည်မထူထောင်နိုင်သေးတဲ့ မုန်တိုင်းသင့် ဗေဒါရွာ

RFA
RFA Burmese
2023.09.15

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေနေထိုင်တဲ့ ဗေဒါရွာဟာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရွာ လုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင် ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Thursday, September 14, 2023

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း

 
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သ ဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။မြို့၏မြောက်ဖက်ကိုဆတ်ရိုးကျချောင်းကပိုင်းဖြတ် ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။


တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။အကျဉ်းဆုံးနေရာသည်ခြောက် ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။

Monday, August 21, 2023

ရိုဟင်ဂျာများ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ခြေမရှိသေး ဟု HRW ပြော

DVB
August 21, 2023

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စပြီး ရက် ရက်စက်စက်နှိပ်ကွပ်ဖြိုခွင်းခဲ့တာ ၆ နှစ်ရှိလာပြီဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်အတွက် အခုချိန်ထိ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်မယ့် အရိပ်အ ယောင်မမြင်ရသေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန် ပါတယ်။

Saturday, August 12, 2023

စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်သင့် ပြီ

ရန်ကုန်ခေတ်သစ်မီဒီယာ
By Yangon Khit Thit News Agency
By လမ်းသစ်
August 11, 2023

တိုင်းပြည်ကို မတရား အာဏာသိမ်းပြီး ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုအပါအဝင် မကောင်း မှုပေါင်း သောင်းခြောက်ထောင်မက ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အ တွက် နိုင်ငံတကာခုံရုံးတွေကတဆင့် ကြီးလေးတဲ့ အပြစ်ဒဏ်တွေ တသီတတန်းကြီး ချမှတ်နိုင်ဖို့ ပြင်ဆင်ထား သင့်ပြီ ဖြစ်ပါတယ်။

Friday, August 4, 2023

စစ်ရေးပဋိပက္ခများနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် မိအေး နှစ်ခါ နာနေသည့် ရခိုင်ပြည်နယ်

Myanmar Now
August 4, 2023 

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေကမ်းရိုးတန်းအခြေအနေကို ဇူလိုင်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)
 

ရခိုင်ပြည်နယ်ဟု ဆိုလိုက်လျှင် ရိုဟင်ဂျာအရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများကြောင့် နိုင်ငံတကာက အာရုံစိုက်ကြ ရာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်း ကြောင့် လည်း လူပေါင်းရာချီ သေကျေကာ ပစ္စည်းဥစ္စာအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်စရာ ထပ်မံပေါ်ပေါက်လာခဲ့သည်။

Sunday, May 7, 2023

မြန်မာနိုင်ငံကို ပြန်ဖို့ သဘောမတူဘူးလို့ ရခိုင်ကိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်တွေ ပြော

VOM
မျိုးဆက်(VOM)
ဒါကာ၊ မေ-၆-၂၀၂၃
မနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းနဲ့ အခြေအနေတွေကို လာရောက်လေ့လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သူတို့ဆန္ဒသဘောအလျောက် ပြန်ဖို့သဘောမတူဘူးလို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦးနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနေဖို့ဆောက်ထားတဲ့ စံပြကျေးရွာနှစ်ရွာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

Friday, May 5, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ရခိုင်ပြည်နယ်မှာ လာရောက်အကဲခတ်

VOA
ဗွီအိုအေမြန်မာပိုင်း
ရန်နိုင်
၀၅ မေ၊ ၂၀၂၃ 

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သတ်ပြီးမောင်တောမြောက် ပိုင်းမှာ မြန်မာ စစ်ကောင်စီဘက်က ပြင်ဆင်ထားတာတွေကို ဒုက္ခသည် တချို့အပါအဝင် ဘင်္ဂလားဒေရှ့်တာဝန် ရှိ သူတွေ ဒီကနေ့ လာရောက် ကြည့်ရှုနေကြပါတယ်။ ဒုက္ခသည်တွေ ပြန်လာမှာကို ကြိုဆိုပေမယ့် သူတို့တောင်း ဆို ထားကြတဲ့ အခွင့်အရေးတွေကိုရမှ ပြန်လာစေချင်တယ်လို့လည်း မောင်တောဒေသခံ ရိုဟင်ဂျာတဦးက ပြောပါ တယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။

Friday, March 24, 2023

အသက်စွန့်ပြီး နယ်မြေသစ်ရှာတဲ့ ရခိုင်ပြည်နယ်ကရိုဟင်ဂျာ များ

RFA
RFA Burmese
2023.03.24

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာ တွေဟာ မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့စွာနဲ့ အဲဒီဒုက္ခသည်စခန်းမှာပဲ နေထိုင်လာခဲ့တာ ဆယ်စုနှစ်တစ်စုကျော် ကြာပါပြီ။

သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလို မြို့တွင်းကို လွတ်လပ်စွာ သွားလာခွင့် လည်း မရကြပါဘူး။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP) ကနေ ထောက်ပံ့နေတဲ့ လူတစ်ဦး တစ်နေ့ ငွေ ၅၀၀ ကျပ်ကိုပဲ အဓိက အမှီပြုပြီး စားဝတ်နေရေး ဖြေရှင်းနေရတာပါ။

Tuesday, March 21, 2023

ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေက ဒုက္ခသည်တွေ နေရပ် ပြန်ဖို့ အခြေအနေမပေးသေးဘူးလို့ UNHCR ထုတ်ပြန်

မဇ္စျိမ
21 March 2023

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေမပေးသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရခိုင်နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်နေတဲ့အချိန်မှာ UNHCR က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဒုက္ခသည်တွေပြန်ဖို့ မသင့်တော်သေးသလို မည်သည့်ဒုက္ခသည်တွေကိုမှ အ တင်း အကြပ် မပြန်ခိုင်းသင့်ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Monday, March 20, 2023

ရခိုင်အခြေအနေ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ဖို့မသင့်တော် သေး (UNHCR)

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ မတ်၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈) 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေးဘဲ ဘယ်ဒုက္ခ သည်တွေကိုမှ အတင်းအဓမ္မ မပြန်ခိုင်းသင့်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီနေ့ ထုတ် ပြန်လိုက်ပါတယ်။ သတင်းအချက်အလက်တွေ သေချာသိတာပေါ်အခြေခံပြီး နေရင်းတိုင်းပြည်ကိုပြန် သွား ပိုင်ခွင့် ရိုဟင်ဂျာ ဒုက္ခသည်တွေမှာရှိတယ်လို့လည်း ကုလသမဂ္ဂက အလေးထားပြောလိုက်ပါတယ်။

Monday, November 28, 2022

ရခိုင်ပြည်နယ်မှ ကုန်ကားဖြင့်တင်လာသည့် ရိုဟင်ဂျာ ၆၆ ဦးကို စစ်တပ်က လှည်းကူးတွင် ဖမ်းဆီး

DVB
28 November, 2022 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန် ၁ မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့ မနက်ပိုင်းက ကုန် တင် ၁၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆၆ ဦးနဲ့ ယာဥ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ် လို့ မြို့ခံတွေဆီက သိရပါတယ်။

ရခိုင်ဘက်က ဝင်ရောက်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်တစီးကို ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန် ၁ အနီးရှိ ယာဥ်စစ် ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ယာဥ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သတင်းရလို့ လူအင်အားနဲ့ဖမ်းတာ၊ ၁၂ ဘီးယာဥ်ထဲထိ လှန်လှောပြီး စစ်တာ၊ မိသွားတယ်၊ ယောကျ်ားလေးတွေ ဖမ်းတယ်။”

Tuesday, November 22, 2022

လေးလအတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၇ ဦးအပါအ ဝင် သေဆုံး၊ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.22
ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့် ဒေသခံအား ကျောက်တော်ဆေးရုံသို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က သယ်ဆောင်လာစဉ်။ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း ကျောက်တော်မြို့နယ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဒီနှစ် ဇူလိုင်လ ၁၈ ရက်ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးသံတမန် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၀ ခုနှစ်နိုဝင်ဘာလကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲခဲ့တာပါ။ ၂၀၂၂ ခုနှစ် မေလမှာတော့ စစ်ကောင်စီတပ်နဲ့ AA အကြား အပြန်အလှန်ဖမ်းဆီးမှုတွေဖြစ်လာပြီး နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေကနေ ဇူလိုင်လ ၁၈ ရက်မှာတော့ တိုက်ပွဲပြန်ဖြစ်ခဲ့ပါတယ်။

Sunday, April 24, 2022

ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်များ

BBC
၁၈ ဧပြီ ၂၀၂၂

ဧပြီလတစ်လတည်းမှာပင် အမ်းမြို့နယ်အတွင်းမှာ သုံးကြိမ်အထိဖမ်းဆီးခံခဲ့ကြရ


ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ မွတ်ဆလင်တွေ မကြာ ခဏဆိုသလို ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


အခု ဧပြီလ တစ်လတည်းမှာကိုပဲ သုံးကြိမ်ထိ အမ်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဧပြီ ၁ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး၊ ၁၁ ရက်နေ့က ရွာသာယာ ကျေး ရွာအနီးမှာ အမျိုးသမီး ၂ ဦး၊ ၁၄ ရက်နေ့က တောင်စောက်ကျေးရွာအနီးမှာ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Thursday, March 24, 2022

ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း

 ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း


မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ မွေးရာဇာတိက ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက်ကပါ။ ၁၉၅၇ ခုနှစ်မှ ဒီ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် တာဝန်ထမ်းဆောင်ရတဲ့ ရာထူးကို လူဝင်မှုကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်း စတဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန်ကျပြီးမှ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိ လာတာပါ။ ရခိုင်ပြည်နယ်မှာ လက်အောက်ပြည်နယ်မှူးနဲ့ ဒုပြည်နယ်မှူး အဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက် (၈၂) နှစ်ရှိပြီ။

Thursday, June 3, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ် ရေးအစိုးရ၏ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား
၃ ဇွန်လ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေးနှင့် လူသားတို့၏ ဂုဏ်သိက္ခာကို လေးစား လိုက်နာပြီး ဖက် ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ရှင်းလင်းစွာဖော်ပြထားသည့်အတိုင်း ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပ က္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အေးအ တူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် ရည်ရွယ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */