" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အသတ္ခံရ. Show all posts
Showing posts with label အသတ္ခံရ. Show all posts

Wednesday, September 1, 2021

မောင်တောက အဖမ်းခံရတဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး နှစ်ရက် အတွင်း သေဆုံး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-09-01

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဈေးကြီးကို မြင်တွေ့ရစဉ်
Photo: RFA


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာက ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို သြ ဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ မနေ့က မောင်တောမြို့နယ် ဆေးရုံကို ရုပ်အလောင်းလာပို့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။

Saturday, February 29, 2020

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအသတ်ခံရ

DMG 
ချလူးအောင်
Feb 29, 2020
ဘူးသီးတောင်

ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာကျေးရွာအုပ်စု၊ ပန်ဇိမွတ်ဆလင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦး အသတ်ခံခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၇ နာရီခန့်က ပန်ဇိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အိဒရီမ် (၄၂နှစ်)ကို အမည်မသိလူလေးဦးခန့်က မျက်နှာနှင့်လည်ပင်းတို့ကို ဓားဖြင့်ခုတ်ခဲ့သဖြင့် သေဆုံးသွားခြင်းဟု ညီဖြစ်သူ မာမတ်အိစ္စပ်က DMG သို့ပြောသည်။

Thursday, January 2, 2020

မင်းပြားအုပ်ချုပ်ရေးမှူးနှစ်ဦး အသတ်ခံရတာလို့ မျက်မြင် တွေပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2020-01-02



ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး နဲ့ ကျေးရွာတာဝန်ခံ တစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက သတ်ဖြတ်လိုက်တာလို့ မျက်မြင်သက် သေ နှစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တပ်မတော်ဘက်ကတော့ သူတို့နှစ်ဦးကို ရွာထဲမှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ထားပါ တယ်။

Tuesday, May 21, 2019

ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာသား တစ် ဦး အသတ်ခံရ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ ကြာညိုပြင် ကျေးရွာသား တစ်ဦး မေလ ၂၀ ရက်နေ့ ည ၆ နာရီအချိန်ခန့်က လုပ်ကြံ သတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

"ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီအမှုဖွင့်မယ်လို့ ပြောပါတယ်။ ဘာပုဒ်မနဲ့ဖွင့်မယ်ဆိုတာတော့ အတိ အကျမသိရသေးပါဘူး။ မိသားစုသဘောထားကတော့ ဘာမှန်းမသိရသေးပါဘူး" ဟု ကြာညိုပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */