Friday, October 25, 2024
Tuesday, May 21, 2024
ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ
ဧရာဝတီ
21 May 2024
Sunday, April 21, 2024
ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ AA အားဆန့်ကျင်ကြောင်းဆန္ဒပြပွဲအတုများ စသည့်စစ်ကောင်စီ၏လုပ်ရပ်များအား သတိထားရန် NUG ထုတ်ပြန်
လူထုနွေဦး
မောင်မောင်/ People’s Spring
2024.04.21
Friday, June 9, 2023
လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရား ရုံး တွင် ရိုဟင်ဂျာများ သက်သေထွက်ဆို
DVB
June 8, 2023
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက် ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင် ငံရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
Link : Here
Saturday, May 20, 2023
မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်
Myanmar Now
ပိုးဥ ကိုချို
May 20, 2023
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်း များတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရ ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အဓိကဝင်ပေါက်ဖြစ်သည့် သဲချောင်းတံတားအနီး ဘုမေကျေးရွာအုပ်စု၊ ဆီတာ ဒဲက်ကျေးရွာတွင် မည်သည့်အကူအညီမျှ မရရှိသေးဟု ထိုကျေးရွာတွင် နေထိုင်သည့် ကိုချစ်ဆွေက မေ ၁၉ က Myanmar Now ကို ပြောသည်။
Thursday, January 12, 2023
ကလေး ၁၂ ဦးအပါအဝင် ရိုဟင်ဂျာများကို ထောင်ဒဏ်ချ
ဘိုကလေးတွင် ဖမ်းမိသည့် ကလေးငယ်များ ၁၂ ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် အသီးသီးချမှတ်လိုက်သည်ဟု တရားရေးနှင့် နီးစပ်သူများက ပြောသည်။
စက်လှေ သောင်တင်ကာ ဝမ်းဗိုက်ပေါက်ပြီးနောက် ဖမ်းဆီးခြင်းခံရသည့် ရိုဟင်ဂျာ ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့ နယ် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ဘိုကလေး တရားရေးဌာန နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
Thursday, December 29, 2022
အသက်နဲ့ရင်းပြီး နယ်မြေသစ်ရှာနေကြတဲ့ ရိုဟင်ဂျာများ
RFA
လွတ်လပ်တဲ့အာရှအသံ
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.29
ခိုကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ ဘဝသစ်ရှာဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေ ကြ ပါတယ်။ ပင်လယ်ပြင်မှာ စက်လှေပျက်လို့ ကယ်သူမဲ့ဘဝတွေလည်း ရောက်ရပြန် ပါတယ်။ နယ်မြေသစ်ရောက်ဖို့ အသက်နဲ့ လောင်းကြေးထပ် ခရီးနှင်ရင်း သေဆုံးရတဲ့သူတွေလည်း ရှိပါတယ်။
အသက် ၁၉ နှစ်အရွယ် ဖွာတိမာဟာ ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်မှုတွေကနေ ရုန်းထွက်ပြီး နိုင်ငံရပ်ခြားမှာပိုကောင်း တဲ့ ဘဝသစ်စမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းကို စက်လှေနဲ့ ဖြတ်သန်းလာ တဲ့ ရိုဟင်ဂျာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
Wednesday, December 28, 2022
၂၀၂၂ ခုနှစ်သည် ရိုဟင်ဂျာများအတွက် အသေအပျောက် အဆိုးဆုံးနှစ်ဖြစ်နိုင်ဟု UNHCR ပြော
28 December, 2022
၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လူအသေအပျောက် အများ ဆုံးနှစ် ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာမူစလင် ၁၈၀ ပါ စက်လှေတစ်စီး ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တယ်လို့ ယူဆရကြောင်းလည်း UNHCR တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
Saturday, August 27, 2022
ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေး မြို့ခံ ဗလီများ တာ ဝန်ယူရ
စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။
Thursday, February 20, 2020
မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင်က ရိုဟင်ဂျာများ
မြန်မာဌာန | သတင်းများ
2020.02.20
■ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေ ခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ဟာ အခုအချိန် ရှစ်နှစ်လောက်ကြာလာတဲ့အထိ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ဝေဝါးနေဆဲဖြစ်ပါတယ်။
စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့အခြေအနေကို ကိုအောင်သိင်္ခက တင်ပြထားပါတယ်။