" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ရိုဟင်ဂျာများ. Show all posts
Showing posts with label ရိုဟင်ဂျာများ. Show all posts

Thursday, October 15, 2020

မြန်မာရွေးကောက်ပွဲပြီးပါက ရိုဟင်ဂျာများနေရပ်ပြန်ရေး အမေရိကန်က ထပ်မံညှိနှိုင်းမည်

Myanmar Top News
October 15, 2020


နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့်အထွေထွေရွေးကောက်ပွဲပြီးပါက မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ နေရပ်ပြန်ရေးနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် အမေရိကန်နိုင်ငံက မြန်မာနိုင် ငံ  နှင့်အသစ်တဖန်ပြန်လည်ညှိနှိုင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အာလမ်က ဗုဒ္ဓ ဟူးနေ့တွင်ပြောသည်။

“ရိုဟင်ဂျာတွေနေရပ်ပြန်စေချင်တယ်”ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘီဂန်နှင့် ဒါကာမြို့ တွင် တွေ့ဆုံမှုအပြီး သတင်းထောက်များကိုပြောသည်။

Thursday, February 20, 2020

မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင်က ရိုဟင်ဂျာများ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.02.20


■ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေ ခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ဟာ အခုအချိန် ရှစ်နှစ်လောက်ကြာလာတဲ့အထိ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ဝေဝါးနေဆဲဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့အခြေအနေကို ကိုအောင်သိင်္ခက တင်ပြထားပါတယ်။

Wednesday, February 5, 2020

ICJ ဆုံးဖြတ်ချက်နဲ့ မောင်တောဒေသက ရိုဟင်ဂျာများ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-02-05

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံး က ချမှတ်ခဲ့တဲ့ ကြားဖြတ်အမိန့်အပေါ် ဘူးသီးတောင်၊ မောင်တောဒေသမှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ဘယ်လိုမြင်ကြသလဲ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ ကာကွယ်ပေးဖို့ ICJ နိုင်ငံတကာ တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကြားဖြတ်အမိန့် လေးချက်ချမှတ်ခဲ့ပါတယ်။

Tuesday, February 4, 2020

ဘင်္ဂလားဒေ့ရှ်ကို ထွက်မပြေးဘဲကျန်နေခဲ့တဲ့ ရိုဟင်ဂျာများ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
မင်းသိန်းအောင်
2020.2.04


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တပ်မတော်ရဲ့ နယ် မြေ ရှင်းလင်းမှုနောက်ပိုင်း တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်ရှိနေခဲ့ကြတဲ့ မွတ်ဆလင်တွေ ဟာ သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနဲ့ လွတ်လပ်စွာသွားလာခွင့်တွေမှာ အခက် အခဲတွေ ကြုံနေကြရဆဲဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */