" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Ataullah Abu Ammar Jununi. Show all posts
Showing posts with label Ataullah Abu Ammar Jununi. Show all posts

Monday, November 28, 2022

ARSA ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် လူသတ်မှုနဲ့တရားစွဲ

VOA
ဗွီအိုအေမြန်မာပိုင်း
၂၈ နိုဝင်ဘာ၊ ၂၀၂၂

ARSA တပ်ဖွဲ့ (Photo: ARSA Facebook)


ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိ တယောက်ကို ဒီလထဲ သတ်ဖြတ်မှု နဲ့ ARSA ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အခြားလူ ၆၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက စွဲချက်တင်လိုက်ကြောင်း ရဲတပ်ဖွဲ့ က တနင်္ဂနွေနေ့မှာပြောပါတယ်။ ရခိုင်ပြည်နယ်က ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတယ်လို့ဆိုတဲ့ ARSA အဖွဲ့ခေါင်းဆောင် Ataullah Abu Ammar Jununi အပါအ ဝင် လူအများအပြားကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မျက်ကွယ်မှာ တရားစွဲလိုက်တာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဒုက္ခသည်စခန်းတခုကို ဝင်ရောက်စီးနင်းရှာ ဖွေ ခဲ့ တာမှာ အကြီးတန်းထောက်လှမ်းရေးအရာရှိ Rizwan Rushdie သေနတ်နဲ့ အပစ်ခံရပြီး ARSA အဖွဲ့ဝင်တွေ က သူ့ကိုဓားနဲ့အသေခုတ်သတ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */