" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ့တပ်မတော်. Show all posts
Showing posts with label မြန်မာ့တပ်မတော်. Show all posts

Wednesday, May 29, 2019

ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် တပ်မတော် စစ်ရာဇ ၀တ်မှုကျူးလွန်ဟု အေအိုင်အဖွဲ့ စွပ်စွဲ

DVB
By DVB
29 May 2019
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အသစ်တွေ ရရှိထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်သားခွင့်အဖွဲ့ (အေအိုင်)က အစီရင်ခံစာ သစ်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

၂၀၁၉ ဇန်နဝါရီလကစပြီး မြန်မာစစ်တပ်ဟာ လက်လွတ်စပယ် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေသေ ဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအိုင်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ အသေးစိတ် ရေး သားထားပါတယ်။

Sunday, March 24, 2019

ဘူးသီးတောင်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၅ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာရ

VOA
ဗွီအိုအေ (မြန်မာဌာန)
 ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း 
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ မတ်လ (၂၁) ရက် ကြာသပတေးညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၄၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Saturday, March 16, 2019

မြောက်ဦးမှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်၊ ရှေးဟောင်း စေတီတချို့ ပျက်စီး

B  B  C  
ဘီဘီစီ မြန်မာပိုင်း
2019-03-16

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦး ယဉ်ကျေးမှု ဒေသ

ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့ကမြို့ပေါ်ရပ်ကွက်တွေထဲမှာ မတ် ၁၅ ရက် ည ၁၀ နာရီ ကျော်ကျော်မှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရသွားခဲ့သလို ရှေးဟောင်းစေတီတချို့လည်း ပျက်စီးထိခိုက်တာတွေရှိခဲ့တယ်လို့ မြောက်ဦး မြို့ခံတွေ က ဘီဘီစီကိုပြောပါတယ်။

Tuesday, March 5, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တရက်တည်း ဒေသခံထောင်ချီထွက်ပြေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံများထွက်ပြေး (ဓါတ်ပုံ ခရက်ဒစ်- Khine Murn Chun)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မနေ့ ညပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြီးမှာပဲ ရွာ သား(၂၅၀၀) ခန့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေနဲ့အကူညီပေးရေးအဖွဲ့တွေက ပြော ပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း တချိန်တည်း တပြိုင်တည်းမှာ စစ်ဘေးတိမ်းရှောင်ရသူ ပမာဏအများဆုံးဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်း အိန်ကနေ သတင်းပေးပို့ ထားပါတယ်။

Monday, March 4, 2019

နယ်စပ်ကျော် မြန်မာတပ်သား တဦးကို ဘင်္ဂလားဒေ့ရှ် လွှဲပြောင်းပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-03
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လွှဲပေးတဲ့ တပ်သား အောင်ဘိုဘိုသိန်း ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နှစ်လကျော်ကြာရောက်ရှိနေခဲ့တဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင် တဦးကို ဘင်္ဂ လားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

နာဂ NSCN-K ဌာနချုပ် မြန်မာ့တပ်မတော် သိမ်းပိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-03
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အိန္ဒိယနဲ့ နယ်စပ်အနီးက အိန္ဒိယ သူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ဌာနချုပ်ကို မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ၀က်ရောက်သိမ်းပိုက်လိုက်ကြောင်း အိန္ဒိယ အခြေစိုက် Deccan Chronicle သတင်းက ဖော်ပြပါတယ်။

Saturday, February 23, 2019

ပလက်ဝမြို့နယ်ရဲစခန်းကို AA စီးနင်းတိုက်ခိုက်နှစ် ဖက်တိုက်ပွဲပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)၊22 ဖေဖော်ဝါရီ၊ 2019

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ (ဓာတ်ပုံ- ကိုတင်ထွန်းအောင်)

စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရခိုင် ပြည် နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲအတွင်း အရပ် သားသေဆုံးမှုတွေ ဖမ်း ဆီးခေါ်ဆောင်မှုတွေလည်း ဖြစ်ပွါးနေတာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */