" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုန်းသတ်ဖြတ်ခံရမှု. Show all posts
Showing posts with label လူမျိုးတုန်းသတ်ဖြတ်ခံရမှု. Show all posts

Monday, August 28, 2023

ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှု အမှုရင်ဆိုင်ရာ တွင် NUG အစိုးရ ပူးပေါင်းကူညီပါဝင်သွားမည်

သံလွင်တိုင်းမ်
Published
Monday, August 28, 2023

မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နှင့် အခြားနိုင်ငံများကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ထွက်ပြေးခဲ့ကြရသည့်အပြင် ၂၀၁၇ ခုနှစ်တွင် လူမျိုး တုန်းသတ်ဖြတ်မှုကို ခံခဲ့ရသည့် ရိုဟင်ဂျာများအရေး NUG အစိုးရမှပူးပေါင်း ကူညီသွားမည်ဟု ပြောသည်။

Friday, August 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

Myanmar Pressphoto Agency
by MPA CJ012
Aug 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုသည် ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၆ နှစ်ပြည့်ပြီဖြစ်ပြီး ယင်းနှစ်ပတ်လည်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်နေရာနှင့် ကနေဒါနိုင်ငံတို့အပါအဝင် နိုင်ငံတကာတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဂျီနိုဆိုက် ၆ နှစ်ပြည့်ဆိုတာ သက်မှတ်ချက်အရပါ။ တကယ်တန်းက ၆ နှစ်မကပါဘူး။ ကျတော်တို့ သိရသလောက်ဆို ၁၉၄၂ ခုနှစ်နောက်ပိုင်းကာလတွေတည်းက စနစ်တကျ အစပျိုးလာခဲ့တာပေါ့။ အခုသိရသလောက်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့က ပူးပေါင်းပြီး ကြိုးစားနေတယ်လို့လည်း သိရတယ်။ ရိုဟင်ဂျာတွေဘက်ကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ရချင်တယ်။ ဒါမျိုးတွေမရဘူး ဆိုရင်တော့ မပြန်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်”ဟု မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု (MMRF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */