" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂျီနီဗာမြို့. Show all posts
Showing posts with label ဂျီနီဗာမြို့. Show all posts

Friday, December 15, 2023

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို မဆိုင်းမတွ ဖြေရှင်းရန် လိုဟု အင်ဒိုနီးရှား ပြော

မဇ္စျိမ
By ANTARA News
14 December 2023

Photo: AFP

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဒီဇင်ဘာ ၁၃ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ရုံး ၌ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ်တွင် အလေးပေးပြောဆိုသည်။

Tuesday, June 23, 2020

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020   
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
 
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ် လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

Saturday, February 29, 2020

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီ ရင်ခံတင်ပြချက်အပေါ် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား

Ministry of Foreign Affairs
၂၈-၂-၂၀၂၀ ရက်
 ဂျီနီဗာမြို့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

Thursday, October 10, 2019

NVC ကိုင်ဆောင်သူတွေကို စိစစ်ပြီး ၆ လ အတွင်း နိုင်ငံ သားပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
10 အောက်တိုဘာ၊ 2019
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ UNHCR အမှုဆောင်ကော်မတီ အစည်းအဝေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်။ (ဓာတ်ပုံ - ပြန်ကြားရေး ဝန်ကြီးဌာန) 
 
NVC နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကို စိစစ်ပြီး ၆ လအတွင်း နိုင်ငံသားဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။ ဆွစ် ဇာလန်နိုင်ငံ ဂျီနီဗာမှာ အောက်တိုဘာလ ၇ - ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ အကြိမ် (၇၀) မြောက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမှုဆောင်ကော်မတီ အစည်းအဝေးကို တက်ရောက် နေတဲ့ ဒေါက်တာဝင်းမြတ်အေး ကနေ ဒုက္ခသည်တွေ ဌာနေပြန်ရေး အဓိကဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့် ကိစ္စ အကြောင်း ရှင်းပြခဲ့တာပါ။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးတင်ပြမှာပါ။

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။

Wednesday, February 27, 2019

လူ့အခွင့်အရေးဝေဖန်ခံရမှု မြန်မာအစိုးရ ကုလမှာ ကာကွယ်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်၊
 27 ဖေဖော်ဝါရီ၊ 2019
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်

 ရိုဟင်ဂျာ မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ကို ပယ်ချကြောင်းနဲ့ ဒီကိစ္စကို မြန်မာနိုင်ငံ အနေနဲ့ တာဝန်ယူ ဖြေရှင်းနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အ ကြိမ် (၄၀) မြောက် အစည်းအဝေး အတွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်း စဉ်ကို ဦးစားပေး ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်း ပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက် ဖွံ့ဖြိုးရေးက အရေးကြီးတယ်လို့လည်း ထောက်ပြသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Tuesday, February 26, 2019

လူ့အခွင့်အရေးချိုးဖေါက်မှု မြန်မာတာဝန်ရှိသူတွေ အရေးယူနိုင်ဖို့ ကုလမှာ ဗြိတိန် တိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင် ၊ 26 ဖေဖော်ဝါရီ၊ 2019

လူ့အခွင့်အရေးကောင်စီညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး Lord Tariq Ahmad of Wimbledon 

 လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာဘက်က တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မှတ်တမ်းယူမယ့်အဖွဲ့ဟာ အလွန်အရေးပါပြီး အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အကြိမ် ၄၀ မြောက်လူ့အခွင့် အရေးကောင်စီညီလာခံကို တက်ရောက်လာတဲ့ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး Lord Tariq Ahmad of Wimbledon က တိုက်တွန်းလိုက်ပါတယ်။

Sunday, February 24, 2019

မြန်မာလူ့အခွင့်အရေးအခြေအနေ UNHRC မှာ EU တင်သွင်းမည်

VOA
 ဗွီအိုအေ (မြန်မာဌာန)
23 ဖေဖော်ဝါရီ၊ 2019
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်း စတင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်း အဝေး မှာ ဥရောပသမဂ္ဂ EU ဦးဆောင် တင်သွင်း သွားမယ်လို့ EU ပြည်ပရေးရာဌာန (EEAS) ရဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအမျျိုးသမီးများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု CEDAW ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဖေဖော်ဝါရီ၊ 2019
အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ကော်မတီရဲ့ ၇၂ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်၊ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာကျင်းပပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */