" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ( ၁၈၈၅ ). Show all posts
Showing posts with label တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ( ၁၈၈၅ ). Show all posts

Sunday, February 27, 2022

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ( ၁၈၈၅ )

 

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ


မြန်မာတို့လက်နက်ချရခြင်း
ရက်စွဲ ၁၈၈၅ ခုနှစ်
နေရာ မြန်မာ–အိန္ဒိယ
ရလဒ် ဗြိတိသျှစစ်နိုင်၊ သီပေါမင်းပါတော်မူ၊ မြန်မာအား အိန္ဒိယနယ်နမိတ်သို့ ထည့်သွင်း
စစ်ရင်ဆိုင်သည့် နိုင်ငံများယူနိုက် တက်ကင်းဒမ်း မြန်မာတပ်မှူးများ နှင့် ခေါင်းဆောင်များ
Harry North Dalrymple Prendergast သီပေါမင်း

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ် မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစု တွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှအင်ပါ ယာတို့ စစ်မက်ကြီး ၃ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ကြသည်။

သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် မင်းသမီး စုဖုရားကြီး

ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ တွင် လည်း မြန်မာတို့ ရှုံးနိမ့်ခဲ့ကြရသည်။
ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင်ခဲ့ချေ။
တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း မြန်မာတို့ လက်နက်ချခဲ့ကြရသည်။

သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံး နိမ့် ပြီးသောအခါ မြန်မာတို့သည် အခြေအနေ အရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်" ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရ သော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */