Showing posts with label ALD. Show all posts
Showing posts with label ALD. Show all posts

Thursday, September 14, 2023

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ ( ၂၀၂၂- မှတ်တမ်း အချို့ )

 

  • ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ
    DMG ၊ စက်တင်ဘာ ၁၀
    (Review/ဆောင်းပါး) 

                                                                            

Thursday, March 5, 2020

ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ရခိုင်သုံးပါတီ ဆွေးနွေးပွဲဖြစ်မြောက်ရန် ALD ပါတီ မျှော် လင့်

ELEVEN
4 MARCH 2020
ဉာဏ်လင်းထွန်း


လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ရန် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) က ကမ်းလှမ်းထားသည်။

မတ် ၈ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းမှုနှင့်ပတ်သက်၍ မတ် ၄ ရက်အထိပါတီ နှစ်ခုထံမှ အကြောင်းပြန်စာ မရရှိသေးကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

Saturday, January 19, 2019

ကော်မတီဖွဲ့စည်းရေး တောင်ကုတ်မြို့မှာ ALD ဦးဆောင်ဆွေးနွေး

RFA
2019.01.19
                                                တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးကို တွေ့ရစဉ်

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့ နယ် ၇ မြို့နယ်က အဖွဲ့အစည်းအသီးသီးတို့ရဲ့ ဆွေးနွေးပွဲကို တောင်ကုတ်မြို့မှာ ဒီကနေ့ ကျင်းပနေပါ တယ်။ တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးမှာ ရခိုင်ပြည်နယ်တောင် ပိုင်း မြို့နယ်တွေက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြ တာလို့ ALD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက RFA ကို ပြောပါတယ်။

Thursday, January 17, 2019

ရခိုင်အရေး ကောလာဟလသတင်းတွေကို မယုံ ကြည်ကြဖို့ ALD ပါတီတိုက်တွန်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy အမှတ်အသား

ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို မယုံကြည်ဘဲ သတင်းတွေ မှန်ကန်မှုရှိလားဆိုတာကို စိစစ်ပြီးမှ ယုံကြည်ကြဖို့နဲ့ သတင်းမီဒီယာတွေကလည်း စိုးရိမ်မှု လွန်ကဲနိုင်တဲ့ ဖော်ပြချက်မျိုး မဖြစ်ရအောင် သတိထားဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်သတင်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားတွေပါ ပျံ့နှံ့နေတာကြောင့် သတင်းတွေကို ပြန်လည်စိ စစ်နိုင်ဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ ရန်ကုန်မြို့ လှိုင်မြို့နယ်က ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်ရုံးမှာ ဆွေးနွေးပွဲအပြီးမှာ ALD ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က RFA ကို ပြောတာပါ။

Saturday, January 12, 2019

ရခိုင်အမျိုးသားအင်အားစု ဖွဲ့စည်းဖို့ ဆုံးဖြတ်

                                             ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်မှာ ၂၀၁၉၊ ဇန်နဝါရီ ၁၂ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပစဉ်

ရခိုင် နိုင်ငံရေးပါတီတွေနဲ့ ရခိုင် လူမှုအသင်းအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် ရခိုင်အမျိုးသား ညီညွတ် ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို တညီတညွတ်တည်း ဖြစ် အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေ ပွဲကနေ ဆုံးဖြတ်လိုက်ကြပါတယ်။

Friday, January 11, 2019

စစ်ရေးနည်းနဲ့ ဖိအားပေးတဲ့ နည်းလမ်းဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ALD ပါတီ ပြော


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ကြေညာချက်ကို တွေ့ရစဉ်

စစ်ရေးနဲ့ဖိအားပေးတဲ့နည်းလမ်းဟာ ရခိုင်ပြည်နယ်သာမက တစ်ပြည်လုံးငြိမ်းချမ်းရေးအတွက် အဖြေမ ဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက ပြောခွင့်ရသူ ဦးဦးလှမြင့်က ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာနဲ့ ပတ်သက်ပြီး ALD ပါတီက လက်မခံနိုင်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ မနေ့က သ ဘောထားထုတ်ပြန်ခဲ့ တာကို RFA က မေးမြန်းရာမှာ ဦးဦးလှမြင့်က ပြောကြားလိုက်တာပါ။