Showing posts with label မြန်မာအစိုးရ. Show all posts
Showing posts with label မြန်မာအစိုးရ. Show all posts

Saturday, December 12, 2020

ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ခင်ပွန်းသေဆုံးမှုအတွက် မြန်မာအစိုးရကို ဒေါ်လာနှစ်သန်း လျော်ကြေးတောင်း

VOM
Editor
ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

 ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့ တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ် လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။

Tuesday, November 24, 2020

ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေ ဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-11-24 

မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာ တွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေ ဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှုတွေရှိ နေကြောင်း တုံ့ပြန်လိုက်ပါတယ်။

Wednesday, July 22, 2020

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ဖြူဖြူခိုင်
2020-07-22
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP
 
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်မနေဘဲ လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

Monday, June 1, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ဒီမိုကရေစီရေးရာ
သားညွန့်ဦး
01 ဇွန်၊ 2020

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။ 

Saturday, May 30, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗွီအိုအေ (မြန်မာဌာန)
30 မေ၊ 2020
သားညွန့်ဦး

ICJ နိုင်ငံတကာတရားရုံးကို ရိုဟင်ဂျာအရေး ပထမဆုံးအစီရင်ခံစာ တင်တာ ကောင်းမွန်တဲ့ ခြေလှမ်းတ ရပ်ဖြစ် ပေမယ့် အစိုးရအနေနဲ့ ဒီကိစ္စမှာ နိုင်ငံစိတ်ဆန္ဒလိုအပ်နေသေးတယ်လို့ Synergy လူမှုသဟဇာတ ဖော်ဆောင် ရေး အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ကိုသက်ဆွေဝင်းက ပြောပါတယ်။ ကိုသားညွန့်ဦး အွန်လိုင် ကနေ ဆက် သွယ်မေးမြန်းထားပါတယ်။  
Link : Here

Saturday, May 16, 2020

အကြမ်းဖက်လုပ်ရပ်တွေကြောင့် AA ကို အပစ်အခတ်ရပ် စဲရေးမှာ ချန်ခဲ့တာလို့ အစိုးရပြော

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
သက်စုအောင်၊ သီဟထွန်း
2020-05-16
 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တပ်မတော်က တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သြဂုတ် လ ကုန်အထိ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲထားပေမဲ့ အဲဒီအထဲမှာ AA အဖွဲ့ကို ချန်ထားခဲ့တာဟာ အကြမ်းဖက် လုပ် ရပ်တွေကြောင့် ဖြစ်တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့ နေပြည်တော်မှာ အင်တာနက် အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါ တယ်။

Thursday, May 14, 2020

ရခိုင်မြောက်ပိုင်းတွင် အစိုးရနှင့် ကုလအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရေး သက်တမ်းတိုး

ဧရာဝတီ
ထွန်းထွန်း
13 May 2020
ငါးခူရ အမှတ် ၂ စခန်းသို့ ပြန်လည်ဝင်ရောက်လာသူများ / Myanmar Embassy Dhaka
 

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ပူးပေါင်းဆောင်ရွက်ရန် အစိုး ရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့အကြား တနှစ်သက်တမ်းတိုး နားလည်မှုစာချွန်လွှာအား မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေး ထိုးခဲ့သည်။

Tuesday, May 5, 2020

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
မေခ
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
 
 
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံအရ မြန်မာ နိုင်ငံအနေနဲ့ ပထမဆုံးအစီရင်ခံစာ ICJ ကို မကြာခင်တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ်ကြားဖြတ်စီရင်ချက်လေးချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ် ဆိုတာ ပါဝင်ပါတယ်။

Monday, February 17, 2020

ပါမောက္ခ ဝီလီယံ ရှဘတ်စ် မြန်မာအစိုးရနဲ့အဆက်ဖြတ်ဖို့ ဖိအားပေးခံရ

လွတ်လပ်တဲ့အာရှအသံ( RFA ) 
မြန်မာဌာန | သတင်းများ
Feb 17, 2020
ပါမောက္ခ ဝီလီယံ ရှဘတ်စ်


ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးနေတဲ့ ပါမောက္ခ ဝီလျံရှဘတ်စ်ကို “မြန်မာ နဲ့ အဆက်ဖြတ်” ဖို့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှု လေ့လာရေးအဖွဲ့ (IAGS) ဥက္ကဋ္ဌတာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်‌လေးဦးနဲ့ လက်ရှိဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

Wednesday, January 29, 2020

ICJ အမိန့်နဲ့ ပတ်သက်ပြီး အစိုးရက ဘာတွေလုပ်နေသလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ဝေယံမိုးမြင့်
2020-01-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်
Photo: Myanmar State Counsellor Office
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုအပေါ် ICJ တရားရုံးက ကြားဖြတ်အမိန့် အချက် လေးချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်ပါတယ်။

Thursday, January 23, 2020

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ

NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက် ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံ အမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

Wednesday, November 6, 2019

မြန်မာအစိုးရဖွဲ့တဲ့ စုံစမ်းရေးကော်မရှင် ဘင်္ဂလားဒေ့ရှ် သွား မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
စုစု
06 နိုဝင်ဘာ၊ 2019
မြန်မာအစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ စုံစမ်းစစ်ဆေးနိုင်ရေး ဘင်္ဂ လားဒေ့ရှ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ ICOE အဖွဲ့ဟာ စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလား ဒေ့ရှ်အစိုးရရဲ့ ခွင့်ပြုချက်ကိုစောင့်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။

Friday, September 20, 2019

ရိုဟင်ဂျာကို လူမျိုးအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ မြန်မာ အစိုးရကို ဥရောပပါလီမန်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

                                                                    
 ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်က နှစ်စဉ် ပြန်လှန်သုံးသပ်သလို၊ အဲဒီနိုင်ငံတွေအပေါ် သူတို့ရဲ့သဘောထားနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပါတယ်။

Tuesday, July 30, 2019

ရိုဟင်ဂျာအရေး မြန်မာအစိုးရတာဝန်ခံဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

VOA
30 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အ တွက် မြန်မာအစိုးရအနေနဲ့ တရားဥပဒေအတိုင်းဖြစ်အောင် လုပ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေး ဌာနကပြောလိုက်ပါတယ်။ ဒါမှသာလျှင် စစ်တပ်ရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုကြောင့် တိုင်းပြည်ကနေထွက် ပြေး သွားရတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နိုင်ငံကို ဘေးရန်ကင်းစွာ ပြန်လာနိုင်မယ်လို့ ပြောပါ တယ်။ 

Sunday, June 9, 2019

ဒုက္ခသည်တွေ ပြန်လာရေး အာစီယံ ပြောကြားချက် ဝေဖန်ခံရ

VOA  
09 ဇွန်၊ 2019 
ဘင်္ဂလားဒေ့ရှ် Cox's Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)

မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ် ခံ မူဆလင် လူနည်းစုရဲ့ အမည်ကို အသိအမှတ်မပြုတဲ့ ကိစ္စတွေကို အရေးတယူ မပြောဘဲ ရိုဟင်ဂျာ ၅ သိန်း လောက် လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံကို ပြန်နိုင်လိမ့်မယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အ သင်း အာဆီယံရဲ့ အစီရင်ခံစာက ခန့်မှန်းပြောဆိုလိုက်တဲ့ အပေါ် လေ့လာသူတွေကကြား မယုံကြည် နိုင် ဖြစ်နေကြပါတယ်။AFP  သတင်းအေဂျင်စီက လက်ခံရရှိတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ အရေးပေါ် တုံ့ပြန်အကဲဖြတ်ရေး အဖွဲ့က ရေး သားတဲ့ ပေါက်ကြားထွက်လာတဲ့ အစီရင်ခံစာကတော့ လာမယ့် သတင်းပတ်တွေ အတွင်း တရားဝင် ထုတ် ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

Tuesday, March 12, 2019

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းမယ့် ICC အစီအစဉ် မြန်မာအစိုးရ ထပ်မံပယ်ချ

VOA
မဆုမွန်၊
12 မတ်၊ 2019 

Dhaka မှာ ကျင်းပတဲ့ International Criminal Court (ICC) သတင်းစာ ရှင်းလင်းပွဲ (မတ်၊ ၁၁၊ ၂၀၁၉)
 
ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို စုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က ကြိုးပမ်းမှုတွေကို မြန် မာအစိုးရက ထပ်မံ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာ အစိုးရအနေနဲ့ ICC ရဲ့ စုံစမ်းမှုတွေကို သဘောမတူဘူး ဆိုရင်တောင် နိုင်ငံတကာ အသိုင်းအဝန်းက လက် ခံနို င်မယ့် အစီအစဉ်တွေ လို အပ်လိမ့်မယ်လို့ ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

Sunday, March 3, 2019

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ် သက်သည့် တိုင်ကြားစာ ၄၀ ကျော် ရရှိထား

Frontier
MYANMAR
Saturday, March 02, 2019
  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး၌ ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-Supplu

၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည် ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၄၀ ကျော်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် က ရရှိထားဟု မြန်မာအစိုးရက ပြောကြားသည်။

Friday, March 1, 2019

မြန်မာနိုင်ငံ အခြေအနေ ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးဖွင့် ရှင်းလင်းပွဲကျင်းပ

နေပြည်တော် မတ် ၁

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီကွေတိုရီယယ် ဂီနီနိုင်ငံက မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့် ရှင်းလင်းပွဲတစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရတ်နာဘာဂင်နာ တက်ရောက်၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်း ပါဝင်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာ အရေး မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် ပြစ်တင်

ဘီဘီစီ ၿမန္မာပိုင္း
03-02-2019
၂၀၁၈ ခု ဧပြီတုန်းက ဘင်္ဂလားျဒ့ရှ်ဘက်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

မြန်မာဒုက္ခသည်တွေကို နောက်ထပ် လက်ခံနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ဘင်္ဂလားဒ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှဟီဒူဟက်ခ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */