Showing posts with label Nicholas Koumjian. Show all posts
Showing posts with label Nicholas Koumjian. Show all posts

Saturday, January 25, 2025

Accountability for crimes committed against Rohingya is critical for future peace, says Head of the Myanmar Mechanism during Bangladesh visit

 INDEPENDENT INVESTIGATIVE
MECHANISM FOR MYANMAR


Dhaka/Geneva, 24 January 2025 – Pursuing justice for crimes committed against the Rohingya is critical for their future return to their homes in Rakhine State in Myanmar and future peace, said Nicholas Koumjian, the Head of the Independent Investigative Mechanism for Myanmar, on the conclusion of his five-day official visit to Bangladesh.

During his visit, Koumjian met with high-level government officials, as well as more than 100 Rohingya activists and representatives of community organizations from the refugee camps in Cox’s Bazar.

ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ငြိမ်းချမ်းရေးအတွက် အရေးကြီး (IIMM)

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၅ ဇန်နဝါရီ၊ ၂၀၂၅

ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)

ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားမျှတမှုရှိဖို့လုပ်ဆောင်တာဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး အတွက် သိပ်အရေးပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ ဘင်္ဂလာဒေ့ရှ် ၅ ရက်ခရီးစဉ် အပြီးမှာ ပြောကြားလိုက်ပါတယ်။

Thursday, August 22, 2024

ရိုဟင်ဂျာတွေပေါ်ရက်စက်မှု ပြစ်ဒဏ်လွတ်ကင်းနေတာ အဆုံးသတ်ရမည်ဟု IIMM အကြီးအကဲ ပြောကြား

RFA
RFA Burmese
2024.08.22 

IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) ကို ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ UNHCR
 

Monday, May 27, 2024

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မေ၊ ၂၀၂၄ 

မြောက်ခင်ရန်းရွာ 

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီထံ IIMM အရင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ဒီကနေ့ ထပ်မံတောင်းဆိုရခြင်းဖြစ်ပြီး အခုနောက်ဆုံး တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်က တုံံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Wednesday, October 25, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရာဇဝတ်မှုတွေတိုးလာကြောင်း IIMM အစီရင်ခံ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၄ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ဗြောင်ကျကျ နေရာအနှံ့ ကျုးလွန်လာတာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။

Wednesday, September 13, 2023

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင် ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ် နေကြောင်း IIMM အကြီးအကဲပြောဆို

Myabnar Pressphoto Agency
MPA

Sep 13, 2023

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်နေကြောင်း IIMM အကြီးအကဲပြောဆို

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့် တုန် လှုပ်ဖွယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီး အ ကဲ Mr. Nicholas Koumjianမှ ပြောဆိုသည်။

ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အစီရင်ခံစာသုံးခု အပြီးသတ်ဆောင်ရွက် နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjianမှ ပြော ဆိုခဲ့သည်။

Tuesday, September 13, 2022

IIMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြ ခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
စက်တင်ဘာ ၁၂၊ ၂၀၂၂
IIMM Myanmar အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian

IMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။

IMM Myanmar ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian က မြန် မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ယနေ့ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပြောကြားခဲ့သည်။ ဥပဒေတစ်ခုခု။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

United Nation
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်

လေးစားရသည့် ဥက္ကဋ္ဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား…

မြန်မာနိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ စတုတ္ထနှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရခြင်းအ တွက် ဂုဏ်ယူမိပါသည်။ ဤကောင်စီက ကျွန်ုပ်တို့အဖွဲကို မြန်မာနိုင်ငံတွင်း အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထိန်းသိမ်းရန် ဖွဲ့စည်းခဲ့သည်။ ဝမ်းနည်းစရာက ကျွန်တော် ၏ နောက်ဆုံး အစီရင်ခံမှု နောက်ပိုင်းမှာ ရာဇ၀တ်မှုများ ပိုမိုပြင်းထန်လာမှုကို အစီရင်ခံရမှာ ဖြစ်ပါသည်။ ဥပဒေလိုက်နာရန် အယုံ အကြည်မရှိသူများ၏ တာဝန်ခံမှုကင်းမဲ့စွာ လုပ်ဆောင်မှုများကြောင့် မြန်မာပြည်သူများ ဆက်လက် ဒုက္ခခံစားနေကြရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာအ များစု နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ယခုအခါ ငါးနှစ်ကျော်ကြာ သွားပြီ ဖြစ်သည်။ ဤထွက်ပြေးသူအားလုံးနီးပါးသည် အိမ်နီးချင်းနိုင်ငံများတွင် ဆက်ရှိနေပြီး၊ ဘေးကင်း၍ ဂုဏ်သိက္ခာရှိစွာ အိမ်ပြန်နိုင်ရန် အခြေအနေပေးမည့် နေ့ကို စောင့်မျှော်နေသည်။ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများ၏ အရေးယူခံရမှုကင်းလွတ်နေခြင်းများ အဆုံးသတ်မှသာလျှင်၊ ရိုဟင်ဂျာများ စောင့်မျှော်သည့် ဤအခြေအနေကို ဖန်တီးနိုင်ပါမည်။

Wednesday, August 12, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေး အဖွဲ့ တောင်းဆိုချက်တွေပေးဖို့ Facebook ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 သြဂုတ်၊ 2020
Facebook ကုမ္ပဏီက မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ အထောက်အထား တွေကို ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM)ကို မပေးသေးဘူး လို့  IIMM အဖွဲ့ ရဲ့ အကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေပေါ် အပါအဝင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ IIMM နဲ့ ပူးပေါင်း ဆောင်ရွက်မယ် လို့ Facebook က ပြောထားပေမဲ့ အထောက်အထားတွေကို ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ IIMM အဖွဲ့ကို ဦးဆောင်သူ Nicholas Koumjian က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Tuesday, November 19, 2019

IIMM ရဲ့ဘင်္ဂလား ပထမ ခရီးစဉ်

19 နိုဝင်ဘာ၊ 2019  
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်၊ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုနဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် ကိုတော့ IIMM အကြီးအကဲ Nicholas Koumjian ဦးဆောင်ပြီး ကောဇ့်ဘဇားက ဒုက္ခသည် အသိုင်းအ၀ိုင်း ကိုယ်စားလှယ် တွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ လူမှု အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေ ညာချက် ထုတ်ပါတယ်။

Monday, September 9, 2019

IIMM ကုလစုံစမ်းရေးအဖွဲ့နဲ့ အချက်အလက်စုဆောင်း ရေးအဖွဲ့ ဘယ်လိုကွာခြားလဲ

VOA
ဗွီအိုအေမြန်မာ
09 စက်တင်ဘာ၊ 2019
သားညွန့်ဦး
IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian လူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်း
 
  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ (IIMM) အနေနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူတရားစွဲဆိုနိုင်ဖို့ လုပ်ငန်းစဉ်တွေ စတင်ပြီဖြစ်ပါတယ်။ ဒီ ကုလစုံစမ်းရေးအဖွဲ့ရဲ့ ပထမဦးဆုံးအစီရင်ခံစာကို ကုလ လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ တင်သွင်းသလို၊ ဘယ်လို လုပ်ငန်းဆောင်ရွက်သွားမလဲ ဆိုတာကိုလည်း IIMM အဖွဲ့ အကြီးအကဲဖြစ်သူက ရှင်းလင်းခဲ့ပါတယ်။ အခု လုပ်ငန်းစတင်လိုက်တဲ့ IIMM နဲ့ အရင် ရှိထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ FFM တို့ သဘော သဘာ၀ ဘယ်လိုကွာခြားသလဲ။ ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။

Saturday, April 6, 2019

ကုလရဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ စစ်ဆေးခွင့် လက်ခံမှာမဟုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
မဝေမာထွန်း
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်
 
ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်း စစ်ဆေးခွင့် ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

Wednesday, April 3, 2019

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ဥက္ကဋ္ဌ ကုလခန့်အပ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-03
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်

 
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက်ပါတယ်။
ဧပြီလ ၂ ရက်နေ့က ခန့်အပ်လိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ရုံးက မနေ့က ကြေညာ လိုက်တာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */