Showing posts with label စစ်ကောင်စီ. Show all posts
Showing posts with label စစ်ကောင်စီ. Show all posts

Saturday, March 1, 2025

အင်းစိန်ထောင်မှခေါ်ထုတ်သွားသည် ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းရန်ပြင်ဆင်

လူထုနွေဦး
မတ်လ ၁ ရက် ၂၀၂၅ 

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။ 

၂ဝ၁၉ ဒီဇင်ဘာက ဖမ်းဆီးမိသည့် ရိုဟင်ဂျာများအား ပုသိမ်မြို့တရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ - အေအပ်ပီ

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။

Sunday, February 16, 2025

ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ်

RFA
RFA Burmese
2025.02.16 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

Updated 4:50 PM, Feb 16, 2025


လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာအကျဥ်းသား တစ်ထောင်နီးပါးကို အင်းစိန်အကျဥ်းထောင်ကနေ စစ်ကောင်စီက ဒီနေ့ပြန်လွှတ်ပြီး စစ်တွေကို ပို့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

Monday, February 10, 2025

စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာနဲ့ NUG ပူးပေါင်းဆောင်ရွက်နေ

VOA
ဆုမွန်
၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဝါရှင်တန်ဒီစီ ဗွီအိုအေစတူရီယိုမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

Link : Here

Tuesday, December 31, 2024

စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

RFA
RFA Burmese
2024.12.30
 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဥ်။ AFP
နယ်စပ်ရေးရာအတွက် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဟန်ဂျီ အာလမ် ချောဒရီ (Jahangir Alam Chowdhury) ကပြောကြောင်း India TodayNE က ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ဖော်ပြပါတယ်။

Tuesday, December 24, 2024

စစ်ကောင်စီနဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ဒုက္ခမျိုးစုံရင်ဆိုင်နေရ

DVB TV
24.12.2024

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြားမှာ ရခိုင်ပြည်နယ်ထဲကဘူးသီတောင်၊ မောင်တောမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အခက်အခဲနဲ့ ဒုက္ခမျိုးစုံရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။

Link : Here

Thursday, November 28, 2024

ICC ဆုံးဖြတ်ချက်နဲ့ စစ်ခေါင်းဆောင်ကို အမြန်ဖမ်းနိုင်ဖို့ ရိုဟင်ဂျာတွေလိုလား

RFA
RFA Burmese
2024.11.28

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။ Photo: Reuters

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က တရားရုံးထံ လျှောက်ထားလိုက်တဲ့အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပြီး တရားမျှတမှုရဖို့ နီးကပ်လာနေပြီလို့ ပြောဆိုကြပါတယ်။

Monday, November 25, 2024

မြန်မာ့စစ်မြေပြင်၌ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ စစ်ကောင်စီနှင့် လက်တွဲကာ ဘုံရန်သူကို ရင်ဆိုင်

DMG
By Admin
07 Sep 2024

မြန်မာစစ်တပ်ထံ စစ်မှုထမ်းနေသော စစ်သင်တန်းဆင်း မွတ်ဆလင်များ။

မြန်မာစစ်တပ်သည် အဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်များအကြား လက်နက်ကိုင် ထကြွမှုကို ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခဲ့သည်။ သို့သော်လည်း အာရက္ခတပ်တော်က နယ်မြေသိမ်းပိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာချိန်တွင်မူ စစ်ကောင်စီနှင့် ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား အချို့ကြားတွင် ဘုံရန်သူတစ်ရပ်ကို ရင်ဆိုင်လာရပြီ ဖြစ်လေသည်။

Sunday, August 25, 2024

ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ

RFA
2024.08.25 

မောင်တောမြို့တွင် ပိတ်မိနေသည့် ရိုဟင်ဂျာများကို AA အဖွဲ့က နေရာပြောင်းရွှေ့ပေးနေကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က Arakan Bay News တွင် ဖော်ပြထားပုံ။ Arakan Bay News
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ၂၀၂၁ စစ်အာ ဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေကို မြန်မာပြည်သူတွေ ခါးစည်းခံနေရသလို ရခိုင် ပြည်နယ်မှာလည်း ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ ဖြစ်နေပါတယ်။

Friday, August 23, 2024

AA ကို ARSAနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဗိုလ်မှူးဝန်ခံ

RFA
RFA Burmese
2024.08.23 

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Twitter/ Nyotwanawng

အာဏာသိမ်းစစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ဖို့အတွက် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ကို ချဉ်းကပ်ခဲ့တယ်လို့ မြန်မာစစ်တပ်ဗိုလ်မှူးတစ်ဦးက ပြောပါတယ်။

Tuesday, August 20, 2024

အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း

RFA
RFA Burmese
2024.08.19
 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ Telegram/ AA Info Desk
 
ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်က တာဝန်တွေကို လိုက်နာဆောင်ရွက်ဖို့ အာရက္ခတပ်တော် (AA) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

Thursday, August 15, 2024

စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား

RFA
သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.08.15 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)။ Photo: RFA

စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထား အများအပြားတွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သြဂုတ် ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

Tuesday, August 13, 2024

စစ်ကောင်စီ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း IIMM အစီရင်ခံစာထုတ်ပြန်

RFA
RFA Burmese
2024.08.13
 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) United Nations 


နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Friday, July 26, 2024

ရိုဟင်ဂျာတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာရပ်တန့်အောင် စစ်ကောင်စီကို ဖိအားပေးဖို့တောင်းဆို

RFA
RFA Burmese
2024.07.26 

မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။Citizen Photo

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ မြန်မာစစ်တပ် က စစ်မှုထမ်းခိုင်းတာတွေကို ရပ်တန့်အောင် နိုင်ငံတကာအနေနဲ့ ဆောင်ရွက်ပေးဖို့ Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ 

Saturday, July 13, 2024

စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ရာကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

RFA
RFA Burmese
2024.07.11 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ Bangla Tribune

Friday, July 12, 2024

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ဆွေးနွေး

RFA
RFA Burmese
2024.07.12

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအနီးရှိ Palang Khali သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။Reuters

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် နေရပ်ပြန်နိုင်ရေး ကတိကဝတ်ကို လေးစားလိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

Thursday, June 20, 2024

ရိုဟင်ဂျာတွေ အမြန်ဆုံး နေရပ်ပြန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ပြော

RFA
RFA Burmese
2024.06.19 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP Photo

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အမြန်ဆုံး နေရပ်ပြန်ခေါ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Saturday, June 8, 2024

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ မဖြစ်နိုင်ကြောင်း AA ပြော

RFA
RFA Burmese
2024.06.08 

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ AA Info Desk

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Monday, May 27, 2024

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မေ၊ ၂၀၂၄ 

မြောက်ခင်ရန်းရွာ 

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီထံ IIMM အရင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ဒီကနေ့ ထပ်မံတောင်းဆိုရခြင်းဖြစ်ပြီး အခုနောက်ဆုံး တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်က တုံံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Saturday, May 18, 2024

AA ရှို့သည့်မီးကြောင့် ဘူးသီးတောင်တွင် နေအိမ်ပေါင်း ၈,၀၀၀ ခန့် ဆုံးရှုံးဟု ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများပြော

mizzima
ဂျူချန်း
May 18, 2024

မဇ္ဈိမ။ ။ အာရက္ခတပ်တော် (AA)က ရှို့သည့်မီးကြောင့် ဘူးသီးတောင်မြို့ပေါ်မှ နေအိမ်ပေါင်း ၈,၀၀၀ ခန့် မေလ ၁၇ ရက်က ဆုံးရှုံးသွားခဲ့ရသည် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးအပြောအရ သိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */