" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၈၈ မျိုးဆက်. Show all posts
Showing posts with label ၈၈ မျိုးဆက်. Show all posts

Monday, January 14, 2019

စစ်ဘေးရှောင်စခန်းတွေဆီ ၈၈ ခေါင်းဆောင်တွေ သွားရောက်

RFA
2019.01.13
ရခိုင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းစဉ်

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် အများစုဟာ မြိုနဲ့ ခမီတိုင်းရင်း သားတွေဖြစ်ကြပြီး ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြောကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးဂျင်မီက ဒီနေ့ ပြောပါတယ်။ ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ ဦးဆောင်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်ကြားတိုက်ပွဲတွေကြောင့်ထွက် ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်စ ခန်း တွေကိုမနေ့ကနဲ့ ဒီကနေ့မှာ သွားရောက် ခဲ့တာဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */