24 November 2023
Photo-AFPအစ္စရေးနှင့် ဟားမတ်စ် အကြား လေးရက် အပစ်အခတ်ရပ်စဲမှုကို သောကြာနေ့ (နိုဝင်ဘာ ၂၄) မနက် တွင် စတင်ပြီး ယင်းနေ့တွင် ဓားစာခံ အစ္စရေးအမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့် လူ ၁၃ ဦး ပါ ပထမအုပ်စုတစုကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးမည် ဖြစ်သည်။ ယင်းသည်ပိတ်ဆို့ဝိုင်းရံခံဂါဇာကမ်း မြှောင်ဒေသကို အကြီးအကျယ် ထိခိုက်ပျက်စီးထားစေခဲ့သည့် စစ်ပွဲတွင် ပထမဆုံးအကြိမ် ခေတ္တအ ပစ် ရပ်နားခြင်းလည်း ဖြစ်သည်။