Showing posts with label ရခိုင် တပ်မတော်. Show all posts
Showing posts with label ရခိုင် တပ်မတော်. Show all posts

Friday, December 6, 2019

ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးများကို ထိုင်းမှာဖမ်းဆီး

B B C 

ဘီဘီစီ မြန်မာပိုင်း
06 ဒီဇင်္ဘာ 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးများ အဖမ်းခံရ 

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည်သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ကို ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ထိုင်းအစိုးရက ဖမ်းဆီးလိုက်တယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က သတင်းရရှိပါတယ် ။

Thursday, October 17, 2019

AA ရခိုင်လက်နက်ကိုင်အဖွဲ့ လူသစ်စုဆောင်းမှု

VOA  
ဗွီအိုအေ (မြန်မာဌာန)
17 အောက်တိုဘာ၊ 2019
သားညွန့်ဦး
 
မြန်မာနိုင်ငံတွင်း လူနည်းစုတိုင်ရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား စစ်ရေးတင်းမာ မှုတွေ တိုးလာနေတာကြောင့်၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့လိုမျိုး တိုင်းရင်းသားအဖွဲ့တွေကို လူသစ်တွေ ပို ပြီး ဝင်ရောက်လာနေကြပါတယ်။ Steve Sandford ရေးသားပေးပို့ထားတာကို ကိုသားညွှန့်ဦး ကတင်ပြထား ပါတယ်။ 

 
 
Link :Here

Thursday, July 11, 2019

စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရ ဖြေဖို့ ငြင်းဆို

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-07-11

                                     

စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြား လိုက်ပါတယ်။

Tuesday, April 2, 2019

(သတင်းဌာနများထံခြိမ်းခြောက်သတိပေးစာများပေးပို့ခြင်းမရှိဟုAAတုန့်ပြန်)

K.K.P. ဧပြီ.၂ .၂၀၁၉

ရက္ခိုင့်တပ်မတော်(AA)အမည်သုံး၍ ပြည်တွင်းသတင်းဌာနများကို ခြိမ်းခြောက်သတိပေးစာ များပေးပို့ခဲ့ ခြင်းဖြစ်စဉ်သည် ယင်းတို့ AA တပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း တပ်ဖွဲ့ပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုလိုက်ပါတယ်
၎င်းတို့အနေဖြင့် မြန်မာမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူခွင့် ကန့်သတ်ခံရသည့် အခက်အခဲကို နား လည်သဖြင့် တက်နိုင်သမျှ မြေပြင်သတင်းရယူမှုလုပ်ငန်းများကို ကူညီမည့်အကြောင်းကိုလည်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိ သတင်းဌာနများထံ သူတို့အမည်သုံး၍ ပျံ့နှံ့လာသည့် ခြိမ်းခြောက်မှုများသည် တပ်မတော်၊ စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လက်ချက်ဖြစ်နိုင်ကြောင်း သူက စွပ်စွဲ သည်။

Thursday, March 28, 2019

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီးနောက် ရွာသား ၆၀၀ ခန့် ထွက်ပြေး

Myanmar Now
By အောင်ငြိမ်းချမ်း
28/03/2019
ဖုံညိုလိပ် ရွာအနီးရှိ မူလတန်းကျောင်းသို့ တိမ်းရှောင်လာကြသူများ (ဓာတ်ပုံ - မင်းနိုင်စိုး)

ရခိုင်ပြည် နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများအနီး မတ်လနောက်ဆုံးပတ်က လက်နက် ကြီးကျည် ကျ ရောက် ပေါက်ကွဲခဲ့ပြီးနောက် ရာနှင့်ချီသော ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရကြောင်း ဒေသ ခံများက ပြောသည်။

Monday, March 25, 2019

ဒေါ်အောင်ဆန်းစုကြည်အပေါ် အေအေရဲ့သဘော ထား - ရက္ဗိုင့်တပ်မတော် ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း- ၂

B  B  C
ဘီဘီစီ မြန်မာပိုင်း
ကိုအောင်သူရ၊ 25 မတ် 2019 
  

NCA အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကို င် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တိုရဲ့ မတ်လ ၂၁ ရက်က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ရက္ခိုင့်တပ်မတော် (အေအေ)က ကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ပါတယ်။

ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ - ရက္ခိုင့်တပ်မတော် အေအေ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း- ၁

B  B  C
ဘီဘီစီ မြန်မာပိုင်း
ကိုအောင်သူရ၊ 22 မတ် 2019


NCA အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကို င် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တိုရဲ့ မတ်လ ၂၁ ရက်က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ရက္ခိုင့်တပ်မတော် (အေအေ)က ကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ပါတယ်။

Friday, March 22, 2019

လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ရက္ခိုင့် တပ်မတော် အေအေက ပြော

B  B  C
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019
 
ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ နဲ့ပတ် သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

Wednesday, March 13, 2019

ရခိုင်စစ်ပြေးဒုက္ခသည် တသောင်းကျော်ထိ တိုးလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 13 မတ်၊ 2019

ရခိုင်စစ်ပြေးဒုက္ခသည်များ (သတင်းဓါတ်ပုံ-Khine Murn Chun )
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၃၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ခုချိန်မှာ သောင်းဂဏန်းအထိ ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေ သတွေမှာ ရွာသားတွေကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးတာတွေလည်း ပိုများလာနေပါတယ်။

Tuesday, March 12, 2019

ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်

VOA
နိုင်ကွန်းအိန်၊
12 မတ်၊ 2019
 AA တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်း တချို့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စခန်း တချို့ကို ပြန်လည်ရုတ် သိမ်းတာနဲ့ ရွှေ့ပြောင်း အင်အားဖြည့်တာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ချင်းပြည်နယ် ပလက်၀ မြို့ နယ်ဘက်မှာ တပ်မတော်ရဲ့ တပ်စခန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA ဘက်က စီးနင်းတိုက်ခိုက်ခဲ့ဲပြီး လက်နက်ပစ္စည်းနဲ့ စစ်သုံ့ပမ်းတချို့ ဖမ်းဆီးခဲ့တယ်လို့ AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Monday, March 11, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ် သောင်းနှစ်ထောင်ကျော်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိလာပြီး တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Tuesday, March 5, 2019

AA နဲ့ တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၁ ဦး သေနတ်ထိမှန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-05

မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စင်္ဘောကိုင်းရွာကို ထွက်ပြေးလာသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ မနေ့ ည က ရက္ခိုင့်တပ်မ တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ တာကြောင့် ဒေသခံအရပ်သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒီနေ့ စစ်တွေဆေး ရုံကြီး ကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

Saturday, March 2, 2019

ရခိုင်ဖမ်းဆီးမှုများ ဥပဒေကင်းမဲ့မှုကို ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊ 02 မတ်၊ 2019
 
 
မြောက်ဦးမြို့နယ် နေပူခံကျေးရွာက မြိူ၊ ခမီတိုင်းရင်းသားများ အောက်သကန်ကျေးရွာဆီ စစ်ဘေးရှောင်ရောက်ရှိ (သတင်းဓာတ်ပုံခရက်ဒစ်- ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်း ထန်လို့ အသက်ဘေး လုပြေးနေရတဲ့ ကြားက တရားမဝင်လက်နက်ကိုင်တပ်နဲ့ ဆက် သွယ် တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို လိုက်လံဖမ်းဆီး တရားစွဲဆို အရေးယူနေတာက နယ်မြေတွင်း မတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာကို ပြသရာရောက်နေတယ်လို့ ဒေသခံ ရခိုင် နိုင်ငံရေးပါတီတာ ဝန် ရှိသူက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် ရခိုင်၊ မြို၊ ခမီစတဲ့ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုတွေ စစ်ဘေး ရှာင်နေကြရတာ ၇ ထောင်ကျော် ၈ထောင် အထိ ရှိလာနေပြီဖြစ်ပြီး သူတို့အတွက် အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ် ပေးနေသူတွေကပြောပါ တယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

Tuesday, February 26, 2019

ဘူးသီးတောင် တပ်တွင်း ဗုံးပေါက်ကွဲ ၁ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
February 26, 2019

လုံခြုံရေးတပ်များနေရာယူနေစဉ် 
 
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်က စစ်စခန်းတွင်း ဗုံး ပေါက်ကွဲမှု တခုကြောင့် အရာရှိတဦးရဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး၊ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့နယ်ထဲမှာပဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက် ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်တွင်းက နောက် ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

Monday, February 25, 2019

အမြစ်ပြုတ်ချေမှုန်းရေးအစား စေ့စပ်ညှိနှိုင်းကြဖို့ ရခိုင်အမတ်တွေတိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန),
မဆုမွန်၊ 
23 ဖေဖော်ဝါရီ၊ 2019
ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ ကြား အပြင်းအ ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့ အဆို ကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ စစ်ရပ်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရ ကတဆင့် ပြည် ထောင်စု အစိုးရ ကို တိုက်တွန်းပေးဖို့ ဒီအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်း ခဲ့ တာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာ အမြစ်ပြုတ်ချေမှုန်းရေးလမ်းစဉ်ကို မကျင့်သုံးဘဲ စေ့စပ်ညိနှှိုင်း ကြ ပါလို့လည်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ မဆုမွန် ဆက်သွယ်စုံစမ်း တင်ပြ ပေးထားပါတယ်။

တိုက်ပွဲတွေအတွင်း ဒေသခံတွေ ပျောက်ဆုံးမှု ရှိနေ


RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-25
မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ် မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေအပါအဝင် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေ တယ်လို့ သိရပါတယ်။

Sunday, February 24, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြား သေဆုံးသူနဲ့ ပျောက် ဆုံးသူများလာ

ဘီဘီစီ မြန်မာပိုင်း
၂၄ ရက် ဖေဖေါ်ဝါရီ ၂၀၁၉

ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်း နယ်လှည့်စီးပွားရှာသူတွေ ၊ သစ်ခုတ်ဝါးခုတ် ရောင်း ချသူတွေနဲ့ ဒေသခံ ၉ ဦးဟာ အခုရက်ပိုင်းအတွင်း ပျောက်ဆုံးခဲ့ပါတယ်။

Saturday, February 23, 2019

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ဖမ်းဆီးခေါ်ဆောင်သွား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-23
                                         ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
----------------------

ရက္ခိုင့်တပ်မတော် AA က အခုလ ၂၂ ရက်နေ့ မနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပလက်ဝမြို့နယ် သံ တောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို မိသားစုဝင်တွေနဲ့ ရပ်မိ ရပ်ဖတွေက ဒီနေ့နီးစပ်ရာ ရွာတွေနဲ့ တောတွေထဲမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူးလို့ ပြောပါ တယ်။
AA က ဖမ်းဆီးသွားသူ နှစ်ဦးစလုံးဟာ ချင်းလူမျိုးတွေဖြစ်တာကြောင့် သူတို့တစ်စုံတစ်ရာ ထိခိုက်မှုတွေ ရှိခဲ့ရင် ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် ဒေသတည်ငြိမ် ရေး စိုးရိမ်မှုတွေရှိနေတယ်လို့လည်း အမည်မဖော်လိုတဲ့ သံတောင် ကျေးရွာခံတစ်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ချင်းလူမျိုးတွေဖြစ်တာကြောင့် ဖမ်းဆီးတာမ ဟုတ် ဘဲ AA ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးလို့သာ အရေးယူ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လထဲက AA က သံတောင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက်မယ်ဆိုပြီး စာပေးပို့တာ ရှိခဲ့တယ်လို့ ချင်း ပြည် နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်း လေးမြို့ချောင်း တစ်လျှောက်မှာ သံတောင်ကျေးရွာဟာ သီး ခြားတည်ရှိနေပြီး တပ်မတော်ဘက်ကလည်း လုံခြုံရေးချထားပေးမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က မနက်အစောပိုင်း ၄ နာရီလောက်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာကို ရက္ခိုင့် တပ်မတော် AA က ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးစွာဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော် ကနေတဆင့် စခန်းမှူး၊ ဒုရဲအုပ် ဆလိုင်းဘီးဖာကို ခေါ်ခိုင်းခဲ့ပါတယ်။

စခန်းမှူးက တပ်ကြပ်တစ်ဦးနဲ့ ရောက်လာခဲ့ချိန်မှာ စခန်းမှူးကို ဖမ်းထားလိုက်ပြီး တပ်ကြပ်ကို စခန်းကို ပြန် လွှတ်ပြီး လက်နက်ချဖို့ AA ဘက်က ခိုင်းစေခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည် ပင်သာယာဝန်ကြီး ဦးစိုးထက် က RFA ကို အတည်ပြု ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးကို AA ကဖမ်းပြီးတော့ စခန်းမှူးကို ခေါ်ခိုင်းတယ်။ စခန်းကို လက်နက်ချခိုင်းဖို့အတွက်ကို တပ်ကြပ်ကြီးတစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တပ်ကြပ်ကြီးကလည်း စခန်းရောက်တော့ လက်နက် မချနိုင်ဘူးဆိုတော့ ပစ်ခတ်မှုနည်းနည်းဖြစ်ပြီးတော့ စခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတာမှန်ပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာကော၊ အထက်ကော တင်ပြပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေပါတယ်ခင်ဗျ"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့မနက် သတင်းထုတ်ပြန်ရာမှာ စခန်းမှူး အဖမ်းခံရမှု သတင်း အပြင် သံတောင်ရဲစခန်းကို AA အဖွဲ့က မနေ့က မနက် ၄ နာရီ မိနစ် ၄၀ မှာ လက်နက်ကြီးနဲ့တစ်ကြိမ်၊ ၈ နာရီကျော်မှာ လက်နက်ငယ်နဲ့ တစ်ကြိမ် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောထားပါတယ်။

ဒီနေ့ မနက်မှာတော့ AAရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို ပြန်လွှတ်ပေး ရေး တောင်းဆိုဖို့အတွက် မိသားစုဝင်တွေနဲ့ ရွာခံရပ်မိရပ်ဖတွေက AA တပ်တွေထွက်သွားတဲ့ လမ်းကြောင်း အတိုင်း တောတွေထဲကို လိုက်သွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့တာကြောင့် နေလည်ပိုင်းမှာ ရွာကို ပြန်လာ ခဲ့ကြ ပါတယ်။

အမည်မဖော်လိုတဲ့ သံတောင်ကျေးရွာက ဒေသခံတစ်ဦးက လက်ရှိ ကျေးရွာဒေသခံတွေရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။

"သူတို့နဲ့ တွေ့ရင်တောင်းပန်မှာပေါ့။ ဒါမဲ့ ဘာမှမတွေ့ခဲ့ဘူး။ လူမျိုးရေးလိုလိုဖြစ်နေတာပေါ့။ ခုလည်း ရဲအုပ် ဆလိုင်းဘီးဖာကော၊ ဦးချားဟော်ကောက ချင်းတွေ၊ လက်နက်ကိုင်တွေက ရခိုင်တွေဖြစ်တော့ လူမျိုးရေးကို ထိခိုက်စေတယ်။ အဲလိုဆက်လုပ်ရင် လူမျိုးရေးပဋိက္ခတွေ ဆက်ဖြစ်လာမယ်။ ဦးချားဟော်တို့ တစ်ခုခုဖြစ် သွားရင် လူမျိုးရေး ပဋိပက္ခတွေ ပိုကြီးထွားလာနိုင်တယ်"

သံတောင်ကျေးရွာတစ်ဝိုက်ကို တပ်မတော်ဘက်က လုံခြုံရေးချထားပေးတယ်လို့ ကြားနေရပေမယ့် အ ကောင် အထည်မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေများနေတဲ့အပေါ် အစိုးရတပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို မဖြေလျော့နိုင်သေးဘူးလို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကလည်း ပြောပါတယ်။

သံတောင်ကျေးရွာဟာ နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်းက လေးမြို့ချောင်းတစ်လျှောက် မှာ သီးခြားကွဲထွက်နေတဲ့ ရွာဖြစ်တာကြောင့် AA ဘက်က ဒီရွာကို ထိန်းချုပ်ထားလိုတဲ့ သဘောရှိနေတယ် လို့ ပြည်နယ်အစိုးရဘက်က သုံးသပ်ချက်တွေလည်းရှိပါတယ်။

ဒေသခံတွေကလည်း ရက္ခိုင့်တပ်မတော်က ရွာထဲကို ဝင်လာရင် အစိုးရဘက်ကို အကြောင်းကြားတာ တွေရှိ တယ်လို့ ထုတ်ဖော်ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သံတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ရဲ့ အောက်ခြေတပ်မှူးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှောက် ယှက် တာ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ဒါက ကျွန်တော်တို့ လူမျိုးရေးကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်ယှက် ပေးလို့ အရေးယူဆောင်ရွက်တာ၊ ချင်းကြောင့်မိုလို့ ဆောင်ရွက်တာမရှိဘူး။ အစိုးရစစ်တပ်တွေကို သတင်း ပေးတာတွေ လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရှိတယ်။ ULA ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို အနှောက်အယှက် ပေးသူတွေကို ပြတ်ပြတ်သားသားအရေးယူမှာ။ ကျွန်တော်တို့မှာ လူမျိုးအစွဲမရှိဘူး"

ဒီနေ့မှာလည်း သံတောင်ကျေးရွာနဲ့ ၅ မိုင်ခန့်သာဝေးတဲ့ ကိုဖေရှေရွာကို AA တပ်တွေဝင်ရောက်လာ ခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဒေသခံတွေက AA ဟာ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပြီး ပလက် ဝမြို့နယ်အ တွင်းက ရွာတွေမှာ အခုလိုဆောင်ရွက်တာဟာ ရခိုင်နဲ့ ချင်းကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

AA ဘက်ကတော့ ဒါဟာ လူမျိုးရေးပြဿနာမဟုတ်ဘဲ သူတို့ရဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးပြီး အစိုးရကို သတင်းပေးသူတွေကို အရေးယူဆောင်ရွက်မှုတွေလုပ်တာလို့ ပြောပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

ပလက်ဝ သံတောင်ရဲစခန်းကို AA ဝင်ရောက်တိုက် ခိုက်ပြီး စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်း ဆီးခေါ်ဆောင်သွား

The Myanmar Times
ပန်လှအောင်(မြစ်မခ)  မြန်မာတိုင်းမ်နေ့စဉ်
23 Feb 2019 |

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ သံတောင်ရဲစခန်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၃ နာရီခန့်က AA မှ ဝင်ရောက်တိုက်ခိုက်ကာ စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တိုင်းရင်းသား ညီအကိုမောင်နှမဖြစ်နေလို့ အေအေကို အပြီးသတ်မချေမှုန်းတာလို့ တပ်မတော်ပြော


ဘီဘီစီ မြန်မာပိုင်း
၂၃-ဖေဖေါ်ဝါရီ ၂၀၁၉ 
ရက္ခိုင့်တပ်မတော် (အေအေ)ဟာ တိုင်းရင်းသား ညီအကို မောင်နှမဖြစ်နေတာ ကြောင့် အပြီးသတ် မချေမှုန်းတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */