" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖက်ဒရယ်စနစ်. Show all posts
Showing posts with label ဖက်ဒရယ်စနစ်. Show all posts

Saturday, February 19, 2022

“အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်”

“အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်”
ဦးရဲထွန်း (သီပေါ)




၁၇၈၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အတည်ပြုလက်ခံ ကျင့်သုံးပြီးက တည်း က ဖက် ဒရယ်စနစ်မှာ နိုင်ငံအုပ်ချုပ်ရေးလောကတွင် လူကြိုက်များလာသောပုံစံတခုဖြစ်လာလေသည်။

မျက်မှောက်ကာလတွင် ဖက်ဒ ရယ်စနစ်မှာ
 
နိုင်ငံရေးသိပ္ပံပညာရပ်တခုအဖြစ်လေ့လာစရာဘာသာရပ်တခုဖြစ်သလို လက်တွေ့အသုံးချမှုတွင်လည်း သိသာ ထင် ရှားသည့်အောင်မြင်မှုများရှိလာပါသည်။ ထင်ရှားသော ဖက်ဒရယ်ပညာရှင် ဒင်နီယယ် အီလေဇာ ( Daniel Elazar) က “ ဖက်ဒ ရယ် အခြေခံမူနဲ့ အစီအစဉ်များဟာ ခေတ်သစ်နိုင်ငံရေးလေထုနဲ့ ကိုက်ညီမှုရှိတဲ့အပြင်၊ ဖက် ဒရယ်စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ် ခြင်းနဲ့ မျှဝေအုပ်ချုပ်ခြင်းကို ပေါင်းစပ်ထားတဲ့ အခြေခံပေါ်မှာ အတိုင်း အတာ တစုံတရာအထိ နိုင်ငံရေးပေါင်းစည်းမှုရရှိဘို့အတွက် ပုံစံထုတ်ထားတာဖြစ်လို့ ပိုပိုပြီးကျယ် ကျယ်ပြန့်ပြန့်လက်ခံ လာနေပါတယ်” ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ် စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၂၇ နိုင်ငံရှိလေပြီ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */