Showing posts with label ဝေဖန်. Show all posts
Showing posts with label ဝေဖန်. Show all posts

Sunday, November 8, 2020

မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ ဝေဖန်

DVB

By DVB 
8 November 2020
နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များ အ ဖွဲ့(Refugees International)က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာရွေးကောက်ပွဲ အခင်းအကျင်း Refugees International အဖွဲ့ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2020 

 ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ မဲပေးကြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)
 
 မြန်မာနိုင်ငံက ပြည်သူ ၁ သန်းကျော်ဟာ မဲပေးခွင့် ရုပ်သိမ်းခံရတာ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာ ပြည်တွင်း ဒုက္ခ သည်အဖြစ် တိမ်းရှောင်နေရတဲ့အတွက် နိုဝင်ဘာ ၈ ရက် ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ Refugees International (RI) ခေါ် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က စနေနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်တင် ဝေဖန် လိုက်ပါတယ်။

Tuesday, June 2, 2020

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့ အမေရိ ကန်အစိုးရကို မြန်မာလူ့အခွင့်အရေးသမားတွေတိုက်တွန်း


B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.02
အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေ မျှော်လင့်

အမေရိကန်ပြည်ထောင်စုတလွှား လက်ရှိဖြစ်ပွားနေတဲ့အကြီးအကျယ် ပျက်စီးယိုယွင်းနေတဲ့ အခြေအနေ တွေ ကို မြင်တွေ့ရတဲ့အပေါ် အလွန်အမင်းဝမ်းနည်းမိတယ်လို့ စာမှာဖော်ပြထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်က အမေရိကန်သံရုံးထံ ဇွန် ၂ ရက်မှာ အီးမေးလ်ကတစ်ဆင့် ပေးပို့ခဲ့ပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံအဖွဲ့၊ Generation Wave၊ ဒို့မြေကွန်ရက်၊ မြန်မာသတင်းလွတ်လပ်ခွင့်အဖွဲ့၊ Myanmar Peace Bikers၊ အိုးဝေပညာဒါနသင်တန်းကျောင်း၊ တအာန်းအမျိုး သမီးအဖွဲ့၊ ရန်ကုန်လူငယ်ကွန်ရက်၊ ကချင်လူငယ်ကွန်ရက်၊ The Seagull လူ့အခွင့်အရေးငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်မှုအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူ သုံးဦးတို့က လက် မှတ်ရေးထိုး ပေးပို့ခဲ့တာဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဖိနှိပ်မှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ အမေရိကန်ပြည်သူတွေကို ထွက်ပေါ်လာ တာကို မြင်တွေ့ရတဲ့အပေါ် အားတက် လှုံ့ဆော်မှုတွေ ရရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝသည်းမခံကြောင်း ပြသဖို့ အမေရိကန်ပြည် သူ တွေဟာ တစ်ရက်လေးတောင်မှ စောင့်ဆိုင်း ကြန့်ကြာမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေမှာ ရှည်လျားတဲ့သမိုင်းကြောင်းအရ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပြီး ဒါတွေဟာ အသားအရောင် ကွဲပြားမှု၊ ကိုးကွယ်ရာ ဘာသာတရားနဲ့ လူနည်းစုတိုင်းရင်းသားတွေပေါ်မှာ မုန်းတီးမှုတွေဖြစ် လာ စေ ခဲ့တဲ့အတွေ့အကြုံတွေရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့အတွက်တိုက်ပွဲဝင်တဲ့ မြန် မာပြည်သူတွေကို အစဉ်တစိုက် ထောက်ခံ အားပေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက် တစ်နိုင်ငံထူထောင်ရေး အတွက် ရုန်းကန်ရမှုတွေမှာလည်းမြန်မာပြည်သူတွေနဲ့အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်ပေးခဲ့ သူ တွေဖြစ် တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုအခါမှာ အသားအရောင်ခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ဆန္ဒ ပြနေ တဲ့အမေရိကန် ပြည်သူတွေနဲ့အတူ မြန်မာအဖွဲ့အစည်းတွေကလည်း တစ်သားတည်းရပ်တည် တယ် လို့ ဖော်ပြ ထားပါတယ်။

 ညမထွက်ရအမိန့်တွေထုတ်ထားပေမယ့် ညလုံးပေါက် ဆန္ဒပြမှုတွေမှာ ရဲနဲ့ ဆန္ဒပြသူတွေ ထပ်တိုက်တွေ့နေကြပါတယ်။

ဒါအပြင် အဲဒီအိတ်ဖွင့်ပေးစာမှာ အချက်သုံးချက်ကိုလည်း တောင်းဆိုထားပါတယ်။

လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အမေရိကန်အစိုးရက လေးစားလိုက်နာဖို့၊ အမေရိ ကန် သမ္မတအနေနဲ့ လူမျိုးရေးခွဲခြားမှု မှတ်ချက်တွေဖြန့်ဝေနေတာကိုရပ်တန့်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ပြဿနာ တွေကို ဖြေရှင်းရေးဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်စက်ကြမ်းတမ်းစွာဖမ်းဆီးနေတာကို ရပ်တန့်ဖို့ တို့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်စ်မြို့မှာ လက်နက်မဲ့လူမည်း အမျိုးသား ဂျော့ဖလွိုက်ကို ငွေစက္ကူအတုသုံးပြီးဈေးဝယ်တယ်ဆိုတဲ့ တိုင်တန်းမှုနဲ့ ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ ပါ တယ်။

ဒီဖြစ်စဉ်ကြောင့် မေ ၂၆ ရက်ကစလို့ မင်နီယားပိုလစ်စ်မြို့မှာ ဂျော့ဖလွိုက်အတွက် တရားမျှတမှုရရှိရေး ဆန္ဒ ပြ ပွဲတွေ စတင်ခဲ့ပြီး အခုအခါ အမေရိကန်က မြို့ပေါင်း ၇၅ မြို့မှာ ဆန္ဒပြမှုတွေ ကူးစက်ဖြစ်ပွားနေပါတယ်။

ငြိမ်ချမ်းစွာဆန္ဒပြသူတွေရှိသလို ဆန္ဒပြမှုတွေကြား အခွင့်ကောင်းယူပြီး လူဖြူတွေ ပိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေကို စတင်ဖျက်ဆီးမှုတွေကတစ်ဆင့် နောက်ပိုင်းမှာ စတိုးဆိုင်တွေ၊ အရောင်းဆိုင်တွေ ဖောက်ထွင်းလု ယက်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

 ဖောက်ထွင်းလုယက်မှုတွေလည်းရှိနေ

ရဲတွေဘက်က ဆန္ဒပြမှုတွေကို အင်အားအလွန်အကျွံသုံးပြီး ဖြိုခွဲတာတွေလည်း ရှိသလို ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေကိုပါ နောက်ပိုင်း အင်အားအလွန်အကျွံ သုံးပြီး ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

အခုထိ ဆန္ဒပြပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ခုနစ်ရက်တာအတွင်းလူနှစ်ထောင်နီးပါး ဖမ်းဆီးခံထားရ ပါတယ်။
ရဲလက်ထဲမှာသေဆုံးခဲ့သူ ဂျော့ဖလွိုက်

အခု မြန်မာလူ့အခွင့်ရေးနဲ့ တိုင်းရင်းသားအရေး၊ တက်ကြလှုပ်ရှားသူအဖွဲ့ပေါင်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလ် ပုဂ္ဂိုလ် သုံးဦးတို့ လက်မှတ်ရေးထိုးပြီး အမေရိကန်ပြည်ထောင်စုကိုပေးဖို့တဲ့အိတ်ဖွင့်ပေးစာမှာတော့ လု ယက်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဖော်ပြထားခြင်းမရှိတာကိုတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ အိတ်ဖွင့်ပေးစာပေးပို့တာနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ လူမှုသဟဇာတညီညွတ်ရေး အဖွဲ့က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။

"ဒီနေ့(ဇွန် ၂ ) မှာ အမေရိကန်သံရုံးကိုအီးမေးလ်နဲ့ ပို့လိုက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာပြည်မှာ လည်း ၈၈ တုန်းက ဒီမိုကရေစီရေးတောင်းဆိုမှုတွေဖြစ်တုန်းက ဒီလိုဖောက်ထွင်းမှုတွေ လူသတ်မှုတွေအ များကြီး ကြုံခဲ့တယ်။ ဘယ်နေရာမှာမဆို လူထုအုံကြွမှုရှိလာရင် ဒါတွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ကျွန်တော် တို့ အဓိက လုပ်ချင်တာက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ အမေရိကန်ပြည်သူအများစုက မတရားမှုတွေကို လက် မခံဘဲ တွန်းလှန်နေတယ်ဆိုတာကို ပိုပြီး ထင်ရှားစေချင်လို့ ဒါကို စာထဲမှာမထည့်တာပါ။ လူထု ရဲ့ဒေါ သ ထွက်လာတဲ့ဟာတွေလည်း မြင်ရတယ်။ အဲဒီမှာ အစိုးရရဲ့ ကိုင်တွယ်ပုံလည်း လိုမယ်ထင်တယ်။ မနေ့က မီယာမီမှာဆို ရဲတွေဒူးထောက်တောင်းပန်တယ်ဆိုတဲ့ ပို့စ်တွေတက်လာတာတွေ့တယ်။ ထရမ့်ပြောတဲ့စ ကား ဟာလည်း လူမိုက်စကားမျိုးဖြစ်တယ်။ လူတွေရဲ့ ဒေါသက စစ်တပ်တွေရဲတွေကိုမနိုင်တဲ့အခါကျတခြား ကိုလှည့်သွားနိုင်တော့ အခုလို ဖောက်ထွင်းတာ လုယက်တာတွေဖြစ်ကုန်တယ်။ သူကိုယ်တိုင် လူမျိုးရေး ခွဲခြား တာတွေပြောနေတာက လူတွေရဲ့ ဒေါသကို ပိုပြီး ဆွသလို ဖြစ်နေတယ်"လို့ ကိုသက်ဆွေဝင်း ကပြော ပါတယ်။

ဂျော့ဖလွိုက်ဇက်ပိုးကို ဒူးနဲ့ရှစ်မိနစ်ကျော်ကြာ နင်းထားခဲ့သူ ရဲအရာရှိ ဒဲရက်ချော်ဗင်

အခုပြဿနာက အမေရိကန်တစ်နိုင်ငံတည်းပြဿနာမဟုတ်တော့ဘဲ ဂျာမနီ၊ နယူးဇီလန်တို့ကို ကူးစက် သွား ပြီဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေရဲ့ ပြဿနာဖြစ်လာတာကြောင့် အခုလို တောင်းဆို ဆန္ဒပြတာတွေဖြစ်လာတာလို့ ကိုသက်ဆွေဝင်းကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မျှော်လင့် ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာက လူ့အခွင့်အရေးအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာပြည်တွင်းက လူမျိုးရေးခွဲခြားမှု တွေကိုအမြစ်ပြတ်အောင် ဆက်လက် တိုက်ပွဲဝင်မှာဖြစ်သလို အမေရိကန်က လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ပြည်သူ့လှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 

Link : Here

Sunday, May 24, 2020

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေ အခြေအနေ တိုးတက် ပြောင်းလဲလာတာ မရှိဘူးလို့ AI ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ 2020
ဗွီအိုအေ (မြန်မာပိုင်း)
 စစ်တွေမြို့အနီးရှိ ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာဒုက္ခသည်တချို့။ (အောက်တိုဘာ ၁၀၊ ၂၀၁၂)

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေးအတွက် Provisional Measures ကြားဖြတ်ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ချမှတ်ထားပေမယ့် မြန်မာနိုင်ငံအတွင်းက ရို ဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲအောင် အစိုးရက အရေးယူဆောင်ရွက်တာ မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွ့ဲကြီး Amnesty International က ပြောပါတယ်။

Saturday, March 21, 2020

ရခိုင်အရေး နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ဝေဖန် မှုတွေရှိ

VOA
 ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2020
မဆုမွန်
ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများရပ်ရန် ဆန္ဒပြတောင်းဆိုသည့် ချင်းတိုင်းရင်းသားများ။ (ဇူလိုင် ၁၃၊ ၂၀၁၉)
 
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ် သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန် ပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေပါ အတော်လေး ဆက်ပြင်းထန်နေချိန် စစ်ရေးကို ပြေလည်အောင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပါလို့လည်း သူတို့က တိုက်တွန်းကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

Saturday, February 22, 2020

မြန်မာစစ်တပ် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် လူ့အခွင့်အရေး အဖွဲ့တွေ သံသယရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာ စစ် တပ်ခုံရုံးက စစ်ဆေးအရေးယူမယ့်ကိစ္စဟာ အနှစ်သာရကင်းမဲ့ပြီး ယုံကြည်လို့မရကြောင်း နိုင်ငံတကာ လူ့ အခွင့်အ ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

Wednesday, December 4, 2019

ရခိုင်ပြသနာအတွက် နိုင်ငံတကာကို ဒေါ်စုဝေဖန်

VOA  
ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2016
ဦးကျော်ဇံသာ
  ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ Channel NewsAsia- CNA ရဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်း။ (MOFA) 
 
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု ဟာ ပြသနာ ပိုမိုကြီး ထွားစေတယ် လို့ မြန်မာနိုင်ငံတော်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အခြေအနေတွေကို မျှမျှတတရှုမြင်ကြဖို့လဲ တိုက်တွန်းလိုက်ပါတယ်။ Reuters သတင်းထောက်တွေဖြစ်ကြ တဲ့ Aradhana Aravindan နဲ့ Yimou Lee တို့ Singapore နိုင်ငံ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကပေးပို့တဲ့ သ တင်းလွှာကို ဦးကျော်ဇံသာ က တင်ပြပေးထားပါတယ်။

Saturday, June 22, 2019

ဒုက္ခသည်ပြန်လာရေး အကောင်းမြင်တဲ့ ASEAN လူ့အခွင့်အရေးသမားတွေ ဝေဖန်

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇွန်၊ 2019
ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉) 

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအဖွဲ့က ထုတ်ပြန်မယ့် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ ကြိုးစားအားထုတ်မှုတွေကိုသာ ချီးကျူးထားပြီး တကယ့် အခြေအနေမှန်တွေကို ဖုံးကွယ်ထားတာကြောင့် အာဆီယံ အဖွဲ့ အနေနဲ့ ဒီကိစ္စ အပေါ် ချဉ်းကပ်တဲ့ နည်းလမ်းကို ပြန်စဉ်းစားသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

Sunday, May 12, 2019

ရိုဟင်ဂျာ အရေး တရုတ်ပြောဆိုချက် ဘင်္ဂလားဒေ့ရှ် ဝေဖန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-12

                                တရုတ်သံအမတ်ကြီး ဇန်ဇူး (အလယ်)ကို ဒါကာမြို့မှာ တွေ့ရစဉ်
                                                                  Photo: BenarNews 


ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် ရိုဟင်ဂျာ ပြဿနာကို ပြေလည် စေနိုင်တယ်လို့ တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဘင်္ဂလာဒေ့ရ်ှအရာရှိနဲ့ နိုင်ငံရေးလေ့လာသူတွေက သောကြာနေ့က ဝေဖန်လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */