Showing posts with label စာချုပ်. Show all posts
Showing posts with label စာချုပ်. Show all posts

Monday, November 18, 2019

ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကမ္ဘာ့သဘောတူညီချက် စာချုပ် တွင် မြန်မာနိုင်ငံလက်မှတ်ထိုးရန် တောင်းဆို

မဇ္ဈိမ
ဖူးအိအိနွယ်
17 November 2019
                                                                                         ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇။ ။ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာကမ္ဘာ့သဘောတူညီချက်စာချုပ်(UNCAT) တွင် မြန်မာ နိုင်ငံအနေဖြင့် အမြန်ဆုံးလက်မှတ်ထိုးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်သည်။

Friday, April 19, 2019

NCA စာချုပ် ၀ တပ်ဖွဲ့ လက်မှတ်ထိုးမည်မဟုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
ကိုမိုးဇော်

 ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့သဘောထားကွဲလွဲမှုရှိနေကြောင်း နဲ့ တပ်မတော် တစ်ခုတည်းထားရှိရေးကိုလည်း နိုင်ငံရေး အာမခံချက်တွေ အပြည့်အ၀ ရရှိမှ ဆုံးဖြတ်နိုင်မှာဖြစ် ကြောင်း ဒီကနေ့ ပန်ဆန်းမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UWSP ရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပန်ဆန်းမြို့ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

Friday, November 9, 2018

ကျောက်ဖြူရေနက်စီမံကိန်း စတင်အကောင်အထည် ဖော်နိုင်ဖို့ မူဘောင်စာချုပ် ယနေ့ ချုပ်ဆို

iSee
November 9, 2018

နိုဝင်ဘာ၊၈။ ကျောက်ဖြူ ရေနက် စီမံကိန်း ဟာ ဒေသခံ တွေ အပြင် နောင်မျိုးဆက် တွေရဲ့ ဘ၀ တိုးတက် မြှင့်မားဖို့ အတွက် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

Tuesday, October 30, 2018

အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမည့် ...

ELEVEN
Oct 30, 2018 

အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမည့် ကျောက်ဖြူရေနက်စီမံကိန်း၏ ပိုင်ဆိုင်မှုအချိုးတွင် မြန် မာနိုင်ငံဘက်မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိရန် သဘောတူညီမှုရရှိဟုဆို အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမယ့် ကျောက်ဖြူရေနက်စီမံကိန်းရဲ့ ပိုင်ဆိုင်မှုအချိုးတွင် မြန်မာနိုင်ငံဘက်မှ ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ရရှိရန်အတွက် ညှိနှိုင်းခဲ့ရာတွင် သဘောတူညီမှုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားလိုက်ပါတယ်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */